၃၂။ လုပ်သက်ခွင့်ဆိုသည်မှာအဘယ်နည်း။ လုပ်သက်ခွင့်ကို မည်သို့တွက်ချက်ပါသနည်း။
နည်းဥပဒေ ၈၇ ပါ ပြဋ္ဌာန်းချက်အရ လုပ်သက်ခွင့်သည် တာဝန်ထမ်းဆောင်သည့် ကာလကိုအခြေပြု၍ရခွင့်ရှိသောခွင့်ဖြစ်သည်။ ရခွင့်ရှိသောကာလမှာတာဝန်ချိန်၏ ၁/၁၁ ဖြစ်သည်။ အချိန်ပြည့် တာဝန်ထမ်းဆောင်ရက် ၁၁ ရက်ရှိတိုင်း လုပ်သက်ခွင့်တစ်ရက်စုဆောင်းခွင့်ရှိပြီး ရုံးပိတ်ရက်များရှိလျှင်လည်း တစ်ဆက်တည်း ထည့်သွင်းတွက်ချက်သည်။