၂။ ဥပဒေကြောင်းအရ ပြစ်ဒဏ်စီရင်ခြင်းခံရသဖြင့် ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း သို့မဟုတ် ရာထူးအဖြစ်မှထုတ်ပယ်ခြင်း ခံရသော် မည်သည့်နေ့မှစ၍ အကျိုးသက်ရောက်သနည်း။
နည်းဥပဒေ ၆၅ ပါ ပြဋ္ဌာန်းချက်အရ ဝန်ထမ်းတစ်ဦးသည် ဥပဒေကြောင်းအရ ပြစ်ဒဏ် စီရင်ခြင်းခံရသဖြင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း သို့မဟုတ် ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ ရသော် ယင်းသို့ ထုတ်ပစ်ခြင်း သို့မဟုတ် ထုတ်ပယ်ခြင်းသည် တရားရုံးကပြစ်ဒဏ်စီရင် သည့်နေ့ရက်မှစ၍ အကျိုးသက်ရောက်စေရမည်။