၂၈။ ပြန်တမ်းဝင်အရာရှိအဆင့်သို့ ရာထူးသက်၊ လုပ်သက် သတ်မှတ်ချက်ကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ခန့်ထားရာတွင် မည်သို့ဆောင်ရွက်ရမည်နည်း။
နည်းဥပဒေ ၃၇၊ နည်းဥပဒေခွဲ (င) ပါ ပြဋ္ဌာန်းချက်အရ ပြန်တမ်းဝင်အရာရှိအဆင့်သို့ ရာထူးသက်၊ လုပ်သက်သတ်မှတ်ချက်ကိုလျှော့ပေါ့၍ တိုးမြှင့်ခန့်ထားရာတွင် လက်ရှိရာထူးလုပ်သက် အနည်းဆုံးတစ်နှစ်ရှိသူ သို့မဟုတ် သတ်မှတ်ထားသည့် လက်ရှိရာထူးသက်ပြည့်မီရန် ခြောက်လအလို ကာလအတွင်းရှိသူကိုသာ စဉ်းစားရမည်ဖြစ်ပြီး ရာထူးဝန်အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ကို ရယူရမည်။