၁၄။ အကဲဖြတ်အမှတ်ပေးရာ၌ မည်သည့်အရည်အချင်းများအပေါ် မူတည်၍ စိစစ်အကဲဖြတ် ရမည်နည်း။
နည်းဥပဒေ ၃၅၊ နည်းဥပဒေခွဲ (ဆ) ပါ ပြဋ္ဌာန်းချက်အရ အကဲဖြတ်အမှတ်ပေးရာ၌ အောက်ပါ အရည်အချင်းများအလိုက် စိစစ်အကဲဖြတ်၍ အမှတ်ပေးရမည် –
- (၁) ပေးအပ်သောတာဝန်နှင့်ဝတ္တရာများကိုကျေပွန်အောင်ထမ်းရွက်ခြင်း ၁၀မှတ်
- (၂) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း ၁၀မှတ်
- (၃) ယုံကြည်စိတ်ချရခြင်း ၁၀မှတ်
- (၄) လေ့လာဆည်းပူးခြင်း ၁၀မှတ်
- (၅) ကြိုးစားမှုရှိခြင်း ၁၀မှတ်
- (၆) တီထွင်ကြံဆတတ်ခြင်း ၁၀မှတ်
- (၇) ရုံး၊အလုပ်ရုံစည်းကမ်းများကိုလိုက်နာခြင်း ၁၀မှတ်
- (၈) အများအကျိုးအတွက်စေတနာ့ဝန်ထမ်းဆောင်ရွက်ခဲ့ခြင်း ၁၀မှတ်
- (၉) ဆက်ဆံရေးပြေပြစ်ခြင်း ၁၀မှတ်
- (၁၀) ခေါင်းဆောင်မှုပေးနိုင်ခြင်း ၁၀မှတ်