၁၃။ ဝန်ထမ်းအဖြစ်မှ အလိုအလျောက်ရပ်စဲခြင်းကို ပယ်ဖျက်နိုင်ပါသလား။
နည်းဥပဒေ ၁၃ ပါပြဋ္ဌာန်းချက်အရ ဝန်ထမ်းအဖြစ်မှ အလိုအလျောက်ရပ်စဲသော ဝန်ထမ်း နှင့်ပတ်သက်၍ ရာထူးဝန်အဖွဲ့က ခိုင်လုံသောအကြောင်းများရှိသည်ဟု ယူဆလျှင် ဝန်ထမ်းအဖြစ်မှ ရပ်စဲသွားခြင်းကို ပယ်ဖျက်နိုင်မည်ဖြစ်ပြီး ဤပြဋ္ဌာန်းချက်သည် တာဝန်မှယာယီရပ်ဆိုင်းခြင်းခံရ သဖြင့် အလုပ်ခွင်မှကင်းကွာနေသောဝန်ထမ်းနှင့် မသက်ဆိုင်စေရ။