အမိန့်ကြော်ငြာစာအမှတ် ၁၁၈/၂၀၂၀ အပိုဒ်၃
၃။ သို့အတွက် ပြန်တမ်းဝင်အရာရှိအဆင့် (ဦးစီးအရာရှိနှင့်အဆင့်တူရာထူး)၏ တစ်ဆင့်နိမ့် ဝန်ထမ်းများအား ၎င်းတို့တာဝန်ထမ်းဆောင်ခဲ့သော ပြက္ခဒိန်နှစ်အတွင်း မည်သည့်လုပ်ငန်းတာဝန် များကိုဆောင်ရွက်ခဲ့သည်၊ မည်မျှစွမ်းဆောင်အောင်မြင်ခဲ့သည်၊ မည်မျှတိုးတက်မှုရရှိခဲ့သည် စသည့် တာဝန်ထမ်းဆောင်မှုဆိုင်ရာ စွမ်းဆောင်ရည်အကဲဖြတ်သုံးသပ်မှုများကို ကနဦးအကဲဖြတ်သူက သုံးသပ်ရန်အတွက် ရလဒ်ကိုအခြေခံသည့်စွမ်းဆောင်ရည်အကဲဖြတ်သည့် စနစ်ကိုရေးဆွဲရခြင်း ဖြစ်ပါသည်။