နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ -၄၇
၄၇။ နည်းဥပဒေ ၄၆ ပါရာထူးများအတွက် အကဲဖြတ်မှတ်တမ်းရေးရာတွင် အောက်ပါ အရည်အချင်း များအလိုက် သတ်မှတ်ထားသောအမှတ်များပေးရမည် –
- (က) ခေါင်းဆောင်မှုပေးနိုင်ခြင်း ၂၀ မှတ်
- ( ခ ) ယုံကြည်စိတ်ချရခြင်း ၂၀ မှတ်
- ( ဂ ) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း ၂၀ မှတ်
- (ဃ) တာဝန်ကိုလိုလားစွာထမ်းဆောင်ခြင်း ၂၀ မှတ်
- ( င ) ဆက်ဆံရေးပြေပြစ်ခြင်း ၂၀ မှတ်
- ( စ ) အကဲဖြတ်အမှတ်ပေးရာတွင် –
- (၁) သာမန်အောက်၊ သာမန်၊ သာမန်အထက်၊ ထူးချွန်အဆင့် လေးဆင့်ခွဲခြား ဖော်ပြရမည်။
- (၂) သာမန်အောက်အဆင့်အတွက် ၇ မှတ်အထိ၊ သာမန်အဆင့် အတွက် ၈ မှတ်မှ ၁၀ မှတ်အထိ၊ သာမန်အထက်အဆင့် အတွက် ၁၁ မှတ်မှ ၁၅ မှတ်အထိ၊ ထူးချွန်အဆင့်အတွက် ၁၆ မှတ်မှ ၂၀ မှတ်ထိပေးရမည်။
- (၃) သာမန်အောက်နှင့် ထူးချွန်အဆင့်များအတွက် အကဲဖြတ်မှတ်တမ်းတွင် အကျိုးအကြောင်းကို အကျဉ်းချုပ်ဖော်ပြရမည်။
- (၄) ရာထူးတိုးမြှင့်ပေးမည့် ဝန်ထမ်းအတွက် ကိုယ်ရေးမှတ်တမ်း ဖြည့်စွက်ရန်ပုံစံကို ပုံစံ (၂) ဖြင့်ဖော်ပြထားပါသည်။