ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ – ၄၆

ချိန်နှုန်းလစာ (၁၆ဝဝဝဝိ-၂ဝဝဝိ-၁၇ဝဝဝဝိ) အဆင့်မှ ချိန်နှုန်းလစာ (၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) အဆင့်သို့ ယင်းမှချိန်နှုန်းလစာ (၂၀ဝဝဝဝိ-၂ဝဝဝိ-၂၁ဝဝဝဝိ) အဆင့်သို့ ရာထူးတိုးမြှင့်ရေးကိစ္စများ

၄၆။ နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်သော ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ရာထူးမှ တစ်ပါး လစာနှုန်း (၁၆ဝဝဝဝိ-၂ဝဝဝိ-၁၇ဝဝဝဝိ) ရာထူးမှ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ရာထူး၏အောက် တစ်ဆင့်နိမ့်ရာထူးအဆင့်အထိ ရာထူးတိုးမြှင့်ခန့်ထားရန်ကိစ္စများတွင် ဝန်ထမ်း အဖွဲ့အစည်းအသီးသီးနှင့် သက်ဆိုင်သည့်ရာထူးများအတွက် –

  • (က) ရာထူးတိုးမြှင့်ရေး အရည်အချင်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်ရမည်။
  • ( ခ ) အကဲဖြတ်မှတ်တမ်းနှင့်ကိုယ်ရေးမှတ်တမ်းတို့ဖြင့် စိစစ်ရွေးချယ်ရမည်။
  • ( ဂ ) ချိန်နှုန်းလစာ (၁၆ဝဝဝဝိ-၂ဝဝဝိ-၁၇ဝဝဝဝိ) အဆင့်မှ (၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) အဆင့်သို့ရာထူးတိုးမြှင့်ရန်အတွက် အကဲဖြတ်မှတ်တမ်းကို သက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်း၏ ချိန်နှုန်းလစာ (၂၀ဝဝဝဝိ-၂ဝဝဝိ-၂၁ဝဝဝဝိ) အဆင့် အရာရှိက ကနဦးမှတ်တမ်းရေးပြီး ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ထပ်ဆင့်ရေးသားရမည်။
  • (ဃ) ဖွဲ့စည်းပုံအရ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းတွင် ချိန်နှုန်းလစာ (၂၀ဝဝဝဝိ- ၂ဝဝဝိ-၂၁ဝဝဝဝိ) အဆင့်အရာရှိ မရှိပါက စီမံခန့်ခွဲရေးဌာနကို တာဝန်ယူရသော ချိန်နှုန်းလစာ (၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) အရာရှိကဦးဆောင်၍ အခြားရာထူး အဆင့်တူ အရာရှိများပါဝင်သောအဖွဲ့က ကနဦးအကဲဖြတ်မှတ်တမ်းရေးပြီး ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူးက ထပ်ဆင့်ရေးရမည်။
  • ( င ) ချိန်နှုန်းလစာ (၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) အဆင့်မှ (၂၀ဝဝဝဝိ-၂ဝဝဝိ-၂၁ဝဝဝဝိ) အဆင့်ထိ ရာထူးတိုးမြှင့်ရန်အတွက် အကဲဖြတ်မှတ်တမ်းကို ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကရေးပြီး ယင်း၏အထက်အဆင့်အကြီးအမှူးထံ တင်ပြအတည်ပြုချက် ရယူရမည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

my_MMMY