နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်) နည်းဥပဒေ – ၁၅
၁၅။ အောက်ပါရာထူးအဆင့်များကို ဝန်ကြီးဌာနများနှင့်ဝန်ထမ်းအဖွဲ့အစည်းများက ပြင်ပပုဂ္ဂိုလ် များအား စတင်ခန့်အပ်နိုင်သည် –
- (က) အကူဝန်ထမ်းအဆင့် (၁)၊
- ( ခ ) စာရေးဝန်ထမ်းအဆင့် (၁)၊
- ( ဂ ) ကျွမ်းကျင်ဝန်ထမ်းအဆင့် (၁)နှင့် အဆင့် (၄)၊
- (ဃ) ပညာရှင်အဆင့် (၁)၊ အဆင့် (၂)နှင့် အဆင့်(၃)၊
- ( င ) စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး) အဆင့် (၁)၊
- ( စ ) စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး) အဆင့် (၁)။