ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ (၂၀၁၀) ပုဒ်မ ၁၈
အခန်း(၅)
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကျင့်ဝတ်နှင့်စည်းကမ်းများ
၁၈။ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောက်ပါကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာစောင့်ထိန်း ရမည်-
- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှတစ်ပါး မည်သည့်နိုင်ငံ၏ ကျေးဇူးသစ္စာ ကိုမျှ ခံယူခြင်း မပြုရ။
- ( ခ ) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဤဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရမည်။
- ( ဂ ) တာဝန်ထမ်းဆောင်ရာ၌ အဂတိမလိုက်စားဘဲ ဖြောင့်မတ်တည်ကြည်စွာ ထမ်းဆောင် ရမည်။
- (ဃ) မိမိတာဝန်၊ သိက္ခာနှင့်အညီ ပြောဆိုနေထိုင် ကျင့်ကြံရမည်။