နိုင်ငံ့၀န်ထမ်းဥပဒေ (မူလပြဋ္ဌာန်းချက်) – ပုဒ်မ ၅၃
အခန်း (၁၁)
ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်ချမှတ်ခြင်းနှင့်အယူခံခြင်း
ပြစ်ဒဏ်များ
၅၃။ ဌာနဆိုင်ရာ အရေးယူမှုများတွင် အောက်ဖော်ပြပါ ပြစ်ဒဏ်တစ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ် တစ်ရပ် ထက်ပို၍ဖြစ်စေ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီချမှတ်နိုင်သည် –
- (က) စာဖြင့်သတိပေးခြင်း။
- ( ခ ) နှစ်တိုးလစာရပ်ဆိုင်းခြင်း။
- ( ဂ ) ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း။
- (ဃ) လစာနှုန်းအတွင်း လစာလျှော့ချခြင်း။
- ( င ) ရာထူးအဆင့်လျှော့ချခြင်း။
- ( စ ) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို မလိုက်နာမှုကြောင့် ဖြစ်စေ ပေါ်ပေါက်သည့်ဆုံးရှုံးမှု တန်ဖိုးအပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသ ကိုပေးလျော်စေခြင်း။
- (ဆ) တာ၀န်မှယာယီရပ်ဆိုင်းခဲ့သည့် ကာလအတွက် လစာအပြည့် ခံစားခွင့်မပြုခြင်း သို့မဟုတ် ထိုကာလကို တာ၀န်ချိန်အဖြစ် မသတ်မှတ်ခြင်း။
- ( ဇ ) ရာထူးမှ ထုတ်ပယ်ခြင်း။
- (ဈ) ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း။