နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် (၂၀၂၂) အပိုဒ်(၁)
နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် (၃၀) ပါး
ဝန်ထမ်းတစ်ဦးချင်းလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် (၁၂) ပါး
- ၁။ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များ၊ ဝန်ထမ်းအဖွဲ့အစည်းအလိုက် သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင်စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။
- ၂။ ပေးအပ်ထားသော တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ပါ။
- ၃။ ယုံကြည်စွာအပ်နှံထားသော လုပ်ပိုင်ခွင့်ကို အလွဲသုံးခြင်းမှ ရှောင်ကြဉ်ပါ။
- ၄။ အဂတိလိုက်စားခြင်းနှင့် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းတို့မှ ရှောင်ကြဉ်ပါ။
- ၅။ မိမိကြောင့် နိုင်ငံပိုင်ပစ္စည်းဥစ္စာ၊ ဘဏ္ဍာငွေပျက်စီးဆုံးရှုံးခြင်းနှင့် အလွဲသုံးစားပြုခြင်းတို့မဖြစ်စေရန် အလေးထားဆောင်ရွက်ပါ။
- ၆။ ရာထူးနှင့်လျော်ညီသော အရည်အသွေး ပြည့်ဝနေစေရန် ကြိုးစားအားထုတ်ပါ။ ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများ တက်ရောက်ပါ။
- ၇။ တာဝန်ထမ်းဆောင်ရာတွင် ရိုးသားဖြောင့်မတ်ပါ။
- ၈။ အလုပ်ခွင်တွင် မူးယစ်ဆေးသုံးစွဲခြင်း၊ အရက်သောက်ခြင်း၊ လောင်းကစားခြင်းတို့ကို ရှောင်ကြဉ်ပါ။
- ၉။ အလုပ်ခွင်တွင် ခိုက်ရန်ဖြစ်ပွားခြင်းမှ ရှောင်ကြဉ်ပါ။
- ၁၀။ အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာ ပြုမှုပြောဆိုနေထိုင်ခြင်းတို့မှ ရှောင်ကြဉ်ပါ။
- ၁၁။ ဥပဒေနှင့်အညီ ပေးအပ်လာသည့် အမိန့်နှင့် တာဝန်ကို ကြည်ဖြူစွာထမ်းဆောင်ပါ။
- ၁၂။ ဝန်ထမ်းပီသစွာဖြင့် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းစွာနေထိုင်ပါ။
[printfriendly current=’yes’]