ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အပိုဒ်၃၃

ခွင့်နှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များ

၃၃။ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိသည့် ခွင့်နှင့်စပ်လျဉ်းသည့်သတ်မှတ်ချက်များမှာ –

  • (က) ဝန်ထမ်းသည် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ထားသော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဝန်ကြီး ဌာနနှင့် အဖွဲ့အစည်းက လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသူ၏ ခွင့်ပြုချက်ဖြင့် ခွင့်ခံစားနိုင်သည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၅
  • ( ခ ) အစမ်းခန့်ဝန်ထမ်းသည် ရာထူးတွင် အတည်ပြုခန့်ထားပြီး ဖြစ်သည့် ဝန်ထမ်းတစ်ဦးကဲ့သို့ ခွင့်ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၆၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၂
  • ( ဂ ) ဝန်ထမ်းသည် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ ခွင့်ကို တောင်းခံပိုင်ခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၇
  • (ဃ) ခွင့်ပေးပိုင်ခွင့်ရှိသူသည် အများပြည်သူအကျိုးငှာ လိုအပ်ပါက ဝန်ထမ်းတစ်ဦးတောင်းခံသည့် ခွင့်ကို ငြင်းပယ်ခြင်း၊ ခွင့်ပြုပြီးသော ခွင့်ကို ပယ်ဖျက်ခြင်းနှင့် ခွင့်ခံစားနေသော ဝန်ထမ်းအား ပြန်လည်ခေါ်ယူခြင်း ပြုနိုင်သည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၈
  • ( င ) ဝန်ထမ်းတောင်းခံသော ခွင့်အမျိုးအစားကို ပြောင်းလဲ သတ်မှတ်ခွင့်ပြုခြင်းနှင့် တောင်းခံသောခွင့်ရက်ကို လျှော့ချခွင့်ပြုခြင်းတို့ပြုနိုင်သည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၀
  • ( စ ) ခွင့်သည်သာမန်အားဖြင့် ဝန်ထမ်းကတာဝန်လွှဲအပ်သည့် နေ့ရက်တွင် စတင်ပြီး တာဝန်ပြန်လည်မထမ်းဆောင်မီ တစ်ရက်တွင် ကုန်ဆုံးသည်။ ခွင့်စတင်သည့် နေ့ရက်၏ ရှေ့တွင်ဖြစ်စေ၊ ခွင့်ကုန်ဆုံးသည့် နေ့ရက်၏နောက်တွင် ဖြစ်စေ ရုံးပိတ်ရက်များဖြစ်နေခဲ့သော် ထိုရုံးပိတ်ရက်များ ကို ခွင့်ကာလအဖြစ် ရေတွက်ခြင်းမပြုရ။ သို့ရာတွင် ခွင့်ရက်များ၏ ရှေ့ရက်နှင့်နောက်ရက်များသည် ရုံးပိတ် ရက်များဖြစ်နေပါက ရုံးပိတ်ရက်တစ်ဖက်ကို ခွင့်ရက်အဖြစ် ထည့်သွင်းရေတွက်ရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၄
  • (ဆ) ဆေးလက်မှတ်ခွင့် ခံစားခဲ့သည့်ဝန်ထမ်းသည် ကျန်းမာ ကြောင်း ဆေးလက်မှတ်ကို သတ်မှတ်ထားသည့်ပုံစံ   ဖြင့် တင်ပြမှသာ တာဝန်ပြန်လည်ထမ်းဆောင်ခွင့်ရှိသည်။ ဆေးလက်မှတ်ခွင့်မဟုတ်သော်လည်း ကျန်းမာရေးကို အကြောင်းပြု၍ အခြားခွင့်ခံစားသည့်ဝန်ထမ်းသည်လည်း အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်သည့်အခါ ကျန်းမာ ကြောင်းဆေးလက်မှတ်တင်ပြရမည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၇
  • (ဇ) ခွင့်ခံစားနေသည့်ဝန်ထမ်းသည် မိမိကိုခွင့်ပြုထားသည့် ခွင့်ကာလမကုန်ဆုံးမီ အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက် လိုပါက သက်ဆိုင်ရာခွင့်ပေးပိုင်ခွင့်ရှိသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဝင်ရောက်နိုင်သည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၂၀၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၈
  • (ဈ) ဝန်ထမ်းသည် မိမိကိုခွင့်ပြုထားသည့် ခွင့်ကာလကုန်ဆုံး သော်လည်း အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်ခြင်း မရှိပါက  ထိုကျော်လွန်သည့်ကာလအတွက် ခွင့်လစာ ခံစားခွင့်မရှိ။ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ခွင့်ရက် ကျော်လွန်ခြင်းဖြစ်ပါက ယင်းဝန်ထမ်းအား စည်းကမ်း ဖောက်ဖျက်မှုဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်နှင့်အညီ အရေးယူနိုင်သည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၂၁၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၉
  • (ည ) အရေးယူခံရသည့် ဝန်ထမ်းကို တာဝန်မှယာယီရပ်ဆိုင်း ထားစဉ်ကာလအတွင်း ထိုဝန်ထမ်းအား ခွင့်မပေးရ။ စာရိတ္တပျက်ပြားမှုကြောင့်ဖြစ်စေ၊ ဆက်လက်တာဝန် ထမ်းဆောင်ရန် မသင့်လျော်သောကြောင့်ဖြစ်စေ၊ ရာထူး တာဝန်ထမ်းဆောင်မှုပျက်ယွင်းခြင်းကြောင့်ဖြစ်စေရာထူးမှထုတ်ပယ်ခြင်း သို့မဟုတ် ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်းခံရသည့် ဝန်ထမ်းသည် မည်သည့်ခွင့်အမျိုး အစားကိုမျှ ခံစားခွင့်မရှိစေရ။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၃၊ နည်းဥပဒေ ၁၇၆ (ခ)
  • (ဋ ) နာမကျန်းပင်စင်ယူရသည့်ကိစ္စတွင် သက်ဆိုင်ရာဆရာဝန် သို့မဟုတ် ဆေးအဖွဲ့က တာဝန်ကိုပြန်လည်ထမ်းဆောင် နိုင်သည့် အခြေအနေမရှိဟု သတ်မှတ်ခြင်းခံရသည့် ဝန်ထမ်းကို အောက်ပါအချက်တစ်ရပ်ရပ်နှင့် ညီညွတ်ပြီး ခွင့်လက်ကျန်လည်း လုံလောက်စွာရှိလျှင် အထူးကိစ္စရပ် အနေဖြင့် လုပ်သက်ခွင့်နှင့် ဆေးလက်မှတ်ခွင့်တို့ကို ပေါင်း၍ဖြစ်စေ၊ ဆေးလက်မှတ် ခွင့်တစ်မျိုးတည်းကို ဖြစ်စေ ခြောက်လထက် မပိုစေဘဲ ခွင့်ပြုနိုင်သည် –
    • (၁) ဝန်ထမ်း မကျန်းမာဖြစ်ခဲ့ရခြင်းသည် တာဝန် ထမ်းဆောင်မှုကြောင့် ဖြစ်ခြင်း၊
    • (၂) ဝန်ထမ်းသည် လုပ်သက်တစ်လျှောက်တွင် အခြား သော ဝန်ထမ်းများနှင့် နှိုင်းယှဉ်သော် ခွင့်အနည်း ငယ်မျှသာ ခံစားခဲ့သူဖြစ်ခြင်း၊
    • (၃) မကြာမီကာလ၌ လုပ်သက်နှစ်ပြည့် တစ်နှစ်ထပ်မံ ပြည့်မြောက်နိုင်ခြင်း။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၉၅ (ခ)

( ဌ ) ဝန်ထမ်းသည်အငြိမ်းစားယူရမည့် အသက်ပြည့်သည့် နေ့ရက်မတိုင်မီ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ကို ပျမ်းမျှလစာဖြင့် ခံစားနိုင်သည်။ အငြိမ်းစားယူရန် ကြိုတင် ပြင်ဆင်ခွင့်ကိုအချိန်မီတောင်းခံခဲ့ရာတွင် ခွင့်ပေးပိုင်ခွင့် ရှိသူက တောင်းခံသည့် ခွင့်ကာလတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ အများပြည်သူအကျိုးငှာ ငြင်းပယ်ခဲ့လျှင် ထိုငြင်းပယ်သည့် ခွင့်ကာလကို အငြိမ်းစား ယူရမည့်နေ့ရက်မှစ၍ စတင်ခံစားခွင့်ရှိသည်။ ယင်းကိစ္စ ရပ်တွင် အငြိမ်းစားယူရန်သတ်မှတ်ထားသော အသက်ထက် ကျော်လွန်သောကာလကို အမှုထမ်းသက်တွင် ထည့်သွင်း တွက်ချက်ရမည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၂၂၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၁၊

my_MMMY