၂၅၉။ အနာတရဖြစ်မှုများကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားသတ်မှတ်သည်-
- (က) အနာတရဖြစ်မှု အဆင့်(၁)။ လုပ်ငန်း၏ အထူးဘေးအန္တရာယ်ကြောင့် မျက်စိတစ်ဖက် သို့မဟုတ်
ခြေလက်အင်္ဂါ တစ်ခုခုအမြဲဆုံးရှုံးခြင်း သို့မဟုတ် ယင်းသို့ ဆုံးရှုံးခြင်းထက် ပိုမိုဆိုးရွားသည့် အနာတရဖြစ်မှုများ၊ - ( ခ ) အနာတရဖြစ်မှု အဆင့်(၂)။ လုပ်ငန်း၏ဘေးအန္တရာယ်ကြောင့်အနာတရဖြစ်ခဲ့ပြီး
ယင်းအနာတရဖြစ်မှုကြောင့် ပိုမိုဆိုးရွားသည့် အနာတရဖြစ်မှု၊ - ( ဂ ) အနာတရဖြစ်မှု အဆင့်(၃)။ လုပ်ငန်း၏ဘေးအန္တရာယ်ကြောင့် အနာတရဖြစ်ခဲ့ပြီး မသန်စွမ်းဖြစ်မှုအတိုင်းအတာအားဖြင့် ပြင်းထန်၍ အမြဲခံစားနေရမည့်အလားအလာရှိသော အနာတရဖြစ်မှု။