၂၄၆။ ဆုငွေနှင့်ပင်စင်လစာ တွက်ချက်မှုနှင့်စပ်လျဉ်း၍ –
(က) ပင်စင်အကျိုးခံစားခွင့်ရှိသည့်လုပ်သက် ၁၀ နှစ်မပြည့်ပါက လုပ်သက်ဆုငွေ တစ်မျိုးတည်းကိုသာ အောက်ပါအတိုင်းခွင့်ပြုသည်-
- (၁) လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅)နှစ် မပြည့်သည့်ကိစ္စ- လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၁၀ဝ% = လုပ်သက်ဆုငွေ
- (၂) လုပ်သက်ဆုငွေခံစားခွင့်ရှိသည့်လုပ်သက် (၅)နှစ် ပြည့်ပြီး (၁၀) နှစ် မပြည့်သေးသည့်ကိစ္စ- လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၁၅၀% = လုပ်သက်ဆုငွေ
( ခ ) သက်ပြည့်ပင်စင်၊ နာမကျန်းပင်စင်၊ လျော်ကြေးပင်စင်ယူရာတွင် ပင်စင်အကျိုး ခံစားခွင့်ရှိသည့် လုပ်သက် ၁၀ နှစ်နှင့် အထက်ရှိသည့်ကိစ္စနှင့် နှစ်ပြည့်ပင်စင်၊ လျှော့ပေါ့ပင်စင်ယူသည့်ကိစ္စများတွင် ပင်စင်လစာနှင့် လုပ်သက်ဆုငွေကို အောက်ပါအတိုင်း တွက်ချက်ခွင့်ပြုသည်-
- (၁) လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၁.၅% = ပင်စင်လစာ
- (၂) လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၅၀% = လုပ်သက်ဆုငွေ
( ဂ ) ပင်စင်လစာ၊ လုပ်သက်ဆုငွေတွက်နည်းကို ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်းပြုနိုင်သည်။