Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
၄၆။ အဖွဲ့သည် ဝန်ထမ်းအဖွဲ့အစည်းများက အဆိုပြုညှိနှိုင်းလာသည့် အထူးမသန်မစွမ်းခွင့် ခွင့်ပြုခြင်းကိစ္စများအား သဘောတူခွင့်ပြုရာတွင် အောက်ဖော်ပြပါ အချက်များကို စိစစ်ရမည်-
- (က) မသန်မစွမ်းဖြစ်မှုသည် ထိခိုက်ဒဏ်ရာရသည့် အချိန်မှစ၍ သုံးလအတွင်း ပေါ်ပေါက်ခြင်း ရှိ မရှိ၊
- ( ခ ) မသန်မစွမ်းဖြစ်မှုနှင့်စပ်လျဉ်း၍ ဆေးခုံအဖွဲ့၏ ထောက်ခံချက်ပါရှိခြင်း ရှိ မရှိ၊
- ( ဂ ) ဆေးခုံအဖွဲ့က ထောက်ခံသည့် အထူးမသန်မစွမ်းခွင့်ခံစားခွင့်ရှိသော ကာလသည် ၂၄ လ ထက်ကျော်လွန်ခြင်း ရှိ မရှိ၊
- (ဃ) မူလမသန်မစွမ်းဖြစ်မှုသည် ဆိုးရွားလာခြင်းကြောင့်ဖြစ်စေ၊ ပြန်လည်ပေါ်ပေါက် ခဲ့ခြင်းကြောင့်ဖြစ်စေ အထူးမသန်မစွမ်းခွင့်ကို ခွင့်ပြုရာတွင် ခွင့်ပြုသည့်ခွင့်ကာလ စုစုပေါင်းသည် ၂၄ လထက်ကျော်လွန်ခြင်း ရှိ မရှိ။