Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
၄၄။ အဖွဲ့သည် ဝန်ထမ်းအဖွဲ့အစည်းများက အဆိုပြု ညှိနှိုင်းလာသည့် ပြင်ပဝန်ထမ်းစည်းကမ်း ချက်များအား သဘောတူခွင့်ပြုရာတွင် အောက်ဖော်ပြပါအချက်များကို စိစစ်ရမည်-
- (က) လွှဲပြောင်းတာဝန်ထမ်းဆောင်မည့် နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းနှင့် တာဝန်တို့ကို ဖော်ပြထားခြင်းရှိ မရှိ၊
- ( ခ ) လွှဲပြောင်းတာဝန်ထမ်းဆောင်မည့် ကာလကို တိကျစွာဖော်ပြထားခြင်းရှိ မရှိ၊
- ( ဂ ) ဝန်ထမ်းသည် ပြင်ပအဖွဲ့အစည်းသို့ လွှဲပြောင်းပေးသည့်နေ့မှစ၍ မိခင်ဌာနမှ ရာထူးလစာကို ခံစားခွင့်မရှိကြောင်း ဖော်ပြထားခြင်း ရှိ မရှိ၊
- (ဃ) ပင်စင်ထည့်ဝင်ကြေးကို ခေါ်ယူခန့်ထားသည့် အဖွဲ့အစည်းက သတ်မှတ်ထားသော နှုန်းအတိုင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းခြင်းမပြုပါက ဝန်ထမ်း ကိုယ်တိုင်က ပေးသွင်းရမည်ကို ဖော်ပြထားခြင်း ရှိ မရှိ၊
- ( င ) ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်သည့် ကာလအတွက် ခွင့်စုဆောင်းခွင့် မပြုပါက ခွင့်လစာထည့်ဝင်ကြေး ပေးသွင်းရန် မလိုကြောင်း ဖော်ပြထားခြင်း ရှိ မရှိ၊
- ( စ ) ဝန်ထမ်း၏ မူလရာထူးနေရာတွင် ယာယီအစီအစဉ်ဖြင့် လူစားခန့်ထားခွင့်ရှိကြောင်း ဖော်ပြထားခြင်း ရှိ မရှိ၊
- (ဆ) ပြင်ပဝန်ထမ်း တာဝန်ထမ်းဆောင်ခွင့်ပြုသည့် ကာလသည် ဝန်ထမ်း၏သက်ပြည့် အငြိမ်းစားယူရမည့်နေ့ထက် ကျော်လွန်ခြင်း ရှိ မရှိ။