Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
မိသားစုပင်စင်အကျိုးခံစားခွင့်
၅၆။ (က) ဝန်ထမ်းသည် အငြိမ်းစားမယူမီ ကွယ်လွန်သွားပါက ဝန်ထမ်း ကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက်၌ ဝန်ထမ်း သက်ပြည့်ပင်စင် ယူခဲ့သည်ရှိသော် ရရှိမည့်ပင်စင်လစာ ၏ ၃/၄ ကို မိသားစုပင်စင်လစာအဖြစ် ဇနီး သို့မဟုတ် ခင်ပွန်း နောက်အိမ်ထောင်ပြုသည့်နေ့ သို့မဟုတ် ကွယ်လွန်သည့် နေ့အထိ ခံစားခွင့်ပြုသည်။၂နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၀(က)(၃)၊ နည်းဥပဒေ ၂၄၉(က)
( ခ ) ဝန်ထမ်းသည် အငြိမ်းစားယူပြီးနောက်မှ ကွယ်လွန်ခဲ့သော် အငြိမ်းစားဝန်ထမ်းကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက် မှစ၍ ဝန်ထမ်းအငြိမ်းစားယူချိန်၌ ရရှိခဲ့သည့် ပင်စင်လစာ ၏ ၃/၄ကိုမိသားစုပင်စင်လစာအဖြစ် ဇနီး သို့မဟုတ် ခင်ပွန်း နောက်အိမ်ထောင်ပြုသည့်နေ့ သို့မဟုတ် ကွယ်လွန်သည့် နေ့အထိ ခံစားခွင့်ပြုသည်။၁နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊နည်းဥပဒေ၂၅၀ (ခ)(၂)၊ နည်းဥပဒေ၂၄၉(က)