Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
ခွင့်အမျိုးအစားများ
၃၄။ ဝန်ထမ်းတစ်ဦး ခံစားခွင့်ရှိသော ခွင့်အမျိုးအစားများနှင့်ကာလများမှာ အောက်ပါအတိုင်းဖြစ်သည်-
ခွင့်အမျိုးအစား | အများဆုံး ခံစားခွင့် | ရှင်းလင်းချက် |
(က) ရှောင်တခင်ခွင့်
|
ပြက္ခဒိန် တစ်နှစ်လျှင် ၁၀ ရက် | ရုတ်တရက်နာမကျန်းဖြစ်ခြင်း၊ အရေးကြီးသော ကိုယ်ရေးကိစ္စ
ရုတ်ချည်းပေါ်ပေါက် ခြင်းတို့အတွက် ခွင့်ပြုသည်။၁နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၄၊ |
( ခ )ကူးစက်ရောဂါ ကာကွယ်ခွင့် | သာမန်၂၁ ရက်၊အထူး ၃၀ ရက်
|
ဝန်ထမ်း၏မိသားစု သို့မဟုတ် အတူနေ မိသားစု၌ ကူးစက် ရောဂါဖြစ်ပွားသော ကြောင့် ဝန်ထမ်းကို အလုပ်ခွင်သို့ မလာ ရောက်စေရန် ခွင့်ပြု သောခွင့်ဖြစ်သည်။၂နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၆ |
( ဂ ) လုပ်သက်ခွင့် | ခွင့်စာရင်း၌ကျန် ရှိသော လုပ်သက်ခွင့် များကို ဆက်လက်
တာဝန်ထမ်းဆောင် သည့်ကာလကို အခြေပြု၍တာဝန်ချိန် စုဆောင်းခွင့်ရှိသည်။ စုဆောင်းနိုင်သည့် လုပ်သက်ခွင့်ရက်သည် ၂ လထက်မပိုစေရ။ |
တာဝန်ထမ်းဆောင်သည့်ကာလကို အခြေပြု၍ တာဝန်ချိန်၏ ၁/၁၁ ခွင့်ပြုသည်။၁နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၀ နှင့် နည်းဥပဒေ ၈၇ |
အားလပ်ရက်ရှည် ခံစားခွင့်ရှိသည့် ဝန်ထမ်းများ၏ လုပ်သက် ခွင့် ခံစားခွင့် |
(က)အားလပ်ရက်ရှည် အပြည့်ခံစားလျှင် လုပ်သက်ခွင့်ရခွင့် မရှိ။ (ခ) အားလပ်ရက်ရှည် လုံးဝမခံစားလျှင် ၁/၁၁ အချိုးဖြင့် လုပ်သက်ခွင့်ခံစားခွင့် ရှိသည်။ (ဂ)အားလပ်ရက်ရှည်ကို လုပ်သက်ခွင့်နှင့်အတူ အများဆုံး ၂လထိ ခံစားနိုင်သည်။
|
အားလပ်ရက်ရှည် ခံစားခွင့်ရှိသော ဝန်ထမ်းများသာ ခံစားခွင့်ရှိသည်။ ၂နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၉၂ |
(ဃ)ဆေးလက်မှတ်ခွင့် | သာမန်၁၂ လ၊ အထူး နောက်ထပ် ၆ လ
|
လုပ်သက်နုရင့်မရွေး ဝန်ထမ်းလုပ်သက် ကာလတစ်လျှောက်လုံး အတွက် ခွင့်ပြုခြင်း ဖြစ်သည်။၂နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၉၃ |
(င)လစာမဲ့ခွင့် | ခွင့်လက်ကျန်မရှိသည့်အခါတွင်လည်းကောင်း၊ ဝန်ထမ်းကိုယ်တိုင်က စာဖြင့် တောင်းခံသည့် အခါတွင်လည်းကောင်း၊ ခွင့်ပြုသည်။ လစာရခွင့်မရှိ၊လုပ်သက်ရေတွက် ခွင့်မရှိ၊နှစ်တိုးရေတွက် ခွင့်မရှိ။၁နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၉၆ | |
(စ) မီးဖွားခွင့် | ခွင့်စတင်ခံစားသည့်နေ့မှ ၆ လ၊ အမွှာပူး သို့မဟုတ် ယင်းထက်ပို၍ မွေးဖွားပါက နောက်ထပ်ရက်သတ္တပတ် ၆ ပတ်၊ ဝန်ထမ်းအမျိုး သားကိုလည်း မွေးကင်းစ ကလေးပြုစုစောင့်ရှောက်ရန်ရက်သတ္တပတ်၂ ပတ်ခွင့်ပြုရမည်။ လစာနှုန်းပြည့်ခံစားခွင့် ပြုပြီး တာဝန်ချိန်အဖြစ်သတ်မှတ်ပေးရမည်။
|
အခြားခွင့်များနှင့်ဆက်၍ မီးဖွားခွင့်မခံစားနိုင်ပါ။ သို့သော် ဆေးလက် မှတ်ဖြင့်တောင်းခံပါက အခြားခွင့်များကို မီးဖွားခွင့်၏ နောက်မှဆက်၍ ခွင့်ပြုနိုင်သည်။၂နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၀၁ |
(ဆ) အထူးမသန် စွမ်းခွင့်
|
မသန်စွမ်းဖြစ်မှု တစ်ခုလျှင် အများဆုံး ၂၄ လထိ
|
တာဝန်ထမ်းဆောင် မှုကိုအကြောင်းပြု၍ ထိခိုက်ဒဏ်ရာရ သဖြင့်ယာယီမသန်စွမ်းဖြစ်သောအခါဆေးအဖွဲ့၏ထောက်ခံချက်ဖြင့် ခွင့်ပေးနိုင်ပါသည်။၁နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၀၃၊ ၁၀၄၊ ၁၀၅၊ ၁၀၆ |
( ဇ ) ဆေးရုံခွင့်
|
ဝန်ထမ်းလုပ်သက် ၃နှစ် ကာလတစ်ရပ် အတွက် စုစုပေါင်း ၃လ
|
လုပ်ငန်းသဘာဝအရ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ တွင် သတ်မှတ်ထားရှိ သော နိုင်ငံ့ဝန်ထမ်းများ သာ ခံစားခွင့်ရှိသည်။၂နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၀၇၊ ၁၀၈၊ ၁၀၉၊ ၁၁၀၊ ၁၁၁၊ ၁၁၂ |
(ဈ) သင်္ဘော သား နာမကျန်းခွင့်
|
ဝန်ထမ်းလုပ်သက် ၃နှစ် ကာလတစ်ရပ် အတွက် စုစုပေါင်း
၃ လ
|
နိုင်ငံပိုင်သင်္ဘောများ တွင် တာဝန်ထမ်းဆောင် သော သင်္ဘောသားများသာ ခံစားခွင့်ရှိသည်။၁နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၁၃၊ ၁၁၄၊ ၁၁၅၊ ၁၁၆
|
(ည) ပညာလေ့လာ ဆည်းပူးခွင့်
|
ခွင့်ပြုသည့် ပညာသင်ကာလ
|
ပြည်ပ၌ပညာလေ့လာ ဆည်းပူးလိုပါက ပြည် ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူရန် လိုအပ် ပါသည်။ ပြည်တွင်း၌ ပညာလေ့လာဆည်းပူး လိုပါက သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ရရှိရန် လိုအပ်ပါသည်။ တာဝန် ချိန်အဖြစ် သတ်မှတ်ပြီး လစာနှုန်းပြည့်ခံစား ခွင့်ပြုရမည်။၂နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၁၇၊ ၁၁၈၊ ၁၁၉၊ ၁၄၈၊ ၁၄၉၊ ၁၅၀၊ ၁၅၁ |