ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

အပိုဒ်၃၂

တာဝန်ထမ်းဆောင်မှုကိုအကြောင်းပြုသောခံစားခွင့်များ

၃၂။ ဝန်ထမ်းသည် နိုင်ငံ့တာဝန်ထမ်းဆောင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ တာဝန် ထမ်းဆောင်မှုကိုအကြောင်းပြု၍ အောက်ပါခံစားခွင့်များကို ရရှိနိုင်ပါသည်-

  • (က) အလုပ်တည်မြဲခွင့်။  အမြဲတမ်းရာထူးတစ်ခုတွင် ခန့်ထား ခြင်းခံရသော ဝန်ထမ်းသည် ထိုရာထူးတွင် တည်မြဲခွင့်ရှိသည်။ ရာထူးအနွယ်ကိုလည်း ရခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၁ (က)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄ (ဂ)၊ နည်းဥပဒေ ၇
  • ( ခ ) ရာထူး၏လစာခံစားခွင့်။ ရာထူးဆိုင်ရာတာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ သတ်မှတ်ထားသည့် လစာနှင့်စရိတ်များကို ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၆ (က)
  • (ဂ) နှစ်တိုးခံစားခွင့်။  ချိန်နှုန်းလစာရာထူးတစ်ခုတွင် အမြဲတမ်း ခန့်ထားခြင်းခံရသည့် ဝန်ထမ်းသည်   နှစ်တိုးအချိန်စေ့ ရောက်သည့်အခါ နှစ်တိုးခံစားခွင့်ပြုရန် စတင်လျှောက်ထားရန် မလိုဘဲ ယင်းနှစ်တိုးကို ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၅၄ (က)
  • (ဃ) ကြိုတင်နှစ်တိုးခံစားခွင့်။ ထူးကဲသာလွန်သော အရည် အချင်းနှင့်အတွေ့အကြုံများရှိခြင်း၊ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခြင်း၊     အခြားလုံလောက်သော အကြောင်းထူးတစ်ခုခုရှိခြင်းတို့ကြောင့်  ကြိုတင်နှစ်တိုး ခံစားခွင့်ပြုနိုင်သည်။ ပြန်တမ်းဝင်အရာရှိအဆင့်ဖြစ်ပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့လည်းကောင်း၊ ယင်းအောက် အဆင့်ဝန်ထမ်းများဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးထံသို့လည်းကောင်း အဆိုပြု တင်ပြ၍ သဘောတူခွင့်ပြုချက် ရယူဆောင်ရွက်ရမည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၃၄၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၅၇
  • ( င ) ရာထူးတိုးမြှင့်ခြင်းခံစားခွင့်။ ဝန်ထမ်းသည် ရာထူးအဆင့် အလိုက် သတ်မှတ်ထားသည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ ရာထူးသက်၊ လုပ်သက်တို့နှင့် ပြည့်စုံ၍ တာဝန်ကိုနိုင်နင်းစွာ ထမ်းဆောင်နိုင်သည်ဟုယုံကြည်ကျေနပ်မှုရှိလျှင်နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရာထူးတိုးမြှင့်ခြင်း ခံစားပိုင်ခွင့်ရှိသည်။ ဝန်ထမ်းသည် အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားမှုအပေါ်မူတည်၍ သက် ဆိုင်ရာ အရည်အချင်းစစ်ဆေးရေးအဖွဲ့၏ ထောက်ခံမှု အရ ချီးမြှင့်မြှောက်စားသည့်အနေဖြင့် ရာထူးတိုးမြှင့်ခြင်းကို ခံစားပိုင်ခွင့်ရှိသည်။ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၂၄၊ ပုဒ်မ ၂၄-က
  • ( စ ) ဆေးစစ်ခံယူမှုနှင့် ဆေးကုသမှုခံယူခွင့်။ ဝန်ထမ်းသည် ဆေးစစ်ခံယူမှုနှင့် နာမကျန်းဖြစ်သည့်အခါ ဆေးကုသမှု ခံယူခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၁ (ဇ)
  • (ဆ) ဒေသစရိတ်ခံစားခွင့်။ ပြည်ထောင်စုအစိုးရအဖွဲ့က ဖြစ်စေ၊ယင်းက တာဝန်ပေးအပ်သော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ဖြစ်စေ၊ ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသတွင် နေထိုင်လျက်တာဝန်ထမ်း ဆောင်သည့် ဝန်ထမ်းအားလုံးသည် သတ်မှတ်ထားသော ဒေသစရိတ်ကို ခံစားခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅၂
  • ( ဇ )  ခွင့်ခံစားခွင့်။  အချိန်ပြည့်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းတိုင်းသည် ခွင့်ကိုခံစားခွင့်ရှိသည်။ ဝန်ထမ်းသည် နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိသည့် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီး ဌာနနှင့်အဖွဲ့အစည်းက လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသူ၏ခွင့်ပြုချက်ဖြင့် ခွင့်ခံစားနိုင်သည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၅၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၀
  • ( ဈ ) အငြိမ်းစားယူခွင့်။ ဝန်ထမ်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ အငြိမ်းစားယူခွင့်ရှိသည်။နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၁ (ဈ)
my_MMMY