၄၇။ ဝန်ထမ်းတစ်ဦးသည် ပြင်ပဝန်ထမ်းစည်းကမ်းချက်များဖြင့် လွှဲပြောင်းတာဝန်ထမ်းဆောင် နေသည့်အခါမှတစ်ပါး ခွင့်ဖြင့်ဖြစ်စေ၊ ခွင့်ဖြင့်မဟုတ်ဘဲဖြစ်စေ အလုပ်ခွင်မှ တစ်ဆက်တည်း ငါးနှစ် ကင်းကွာနေခဲ့သော် ဝန်ထမ်းအဖြစ်မှ အလိုအလျောက်ရပ်စဲပြီးဖြစ်သည်။ သို့ရာတွင် သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းက ဝန်ထမ်းအဖြစ်မှရပ်စဲခြင်းကို ပယ်ဖျက်ပေးရန် အဆိုပြု ညှိနှိုင်းလာသည့် အခါ အဖွဲ့သည် ခိုင်လုံသောအကြောင်းများရှိသည်ဟု ယူဆလျှင် ပယ်ဖျက်နိုင်သည်။ ရာထူးမှ ခေတ္တချထားခြင်းခံနေရသဖြင့် အလုပ်ခွင်မှကင်းကွာနေသော ဝန်ထမ်းသည် ဤပြဋ္ဌာန်းချက်တွင် အကျုံးဝင်ခြင်း မရှိစေရ။