၄၅။ အဖွဲ့သည် ဝန်ထမ်းအဖွဲ့အစည်းများက ညှိနှိုင်းလာသည့် ကြိုတင်နှစ်တိုးခွင့်ပြုရေးကိစ္စ များအား သဘောတူခွင့်ပြုရာတွင် အောက်ဖော်ပြပါအချက်တစ်ရပ်ရပ်နှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ရမည်-
- (က) ရာထူးအတွက် သာမန်အားဖြင့် လိုအပ်သော အရည်အချင်းထက် ထူးကဲသာလွန် သော အရည်အချင်းနှင့် အတွေ့အကြုံများ ဆည်းပူးရရှိထားသည့်ပုဂ္ဂိုလ်ကို ဝန်ထမ်း အဖြစ် စတင်ခန့်အပ်သည့်အခါ ကနဦးလစာ တိုးမြှင့်သတ်မှတ်ပေးသင့်သည့် ကိစ္စ ဖြစ်ခြင်း၊
- ( ခ ) လက်ရှိရာထူး၌ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်မှုအတွက် ဝန်ထမ်းကို ချီးမြှင့်ထိုက်သည့် ကိစ္စဖြစ်ခြင်း၊
- ( ဂ ) အခြားလုံလောက်သော အကြောင်းထူးတစ်ခုခုကြောင့် ဝန်ထမ်းကို ကြိုတင်နှစ်တိုး ပေးသင့်သည့် ကိစ္စဖြစ်ခြင်း။