Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
ပင်စင်အမျိုးအစားများ
၄၈။ ဝန်ထမ်းသည် အောက်ပါ ပင်စင်အမျိုးအစားများအနက်မှ တစ်မျိုးမျိုးကို ခံစားခွင့်ရှိသည် –၃နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၅၆
- (က) သက်ပြည့်ပင်စင်။ တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်း ချက်များအရ သီးခြားသတ်မှတ်သည့်ကိစ္စမှတစ်ပါး အသက် ၆၀နှစ်ပြည့်သောအခါ သတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင် ခံစားခွင့်ရှိသည်။၄နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃(က)
- ( ခ ) နှစ်ပြည့်ပင်စင်။ ဝန်ထမ်းသည် အငြိမ်းစားယူရမည့် အသက်မပြည့်သေးသော်လည်း လုပ်သက်နှစ် ၃၀ ပြည့် သောအခါ နှစ်ပြည့်ပင်စင်ခံစားခွင့် တောင်းခံလာပါက ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ငြင်းပယ်ခြင်းမပြုရ။၁နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၅၈ နှင့် ပုဒ်မ ၆၂
- ( ဂ ) နာမကျန်းပင်စင်။ ဝန်ထမ်းသည်မကျန်းမာ၍ တာဝန်ကို ဆက်လက်မထမ်းဆောင်နိုင်သည့်အခါတွင် သတ်မှတ် ထားသော ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် နာမကျန်းပင်စင် ခံစားခွင့်ရှိစေရမည်။၂နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၅၉
- (ဃ) လျော်ကြေးပင်စင်။ ရာထူးတစ်ခုကို ဖျက်သိမ်းလိုက်သည့်အခါ ထိုရာထူး၌ ခန့်ထားသည့် ဝန်ထမ်းကို အခြားရာထူးတစ်ခုသို့ ပြောင်းရွှေ့နေရာချထားခြင်း မပြုနိုင်ပါက လျော်ကြေးပင်စင်ခံစားခွင့်ပြုရမည်။၃နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၆၀
- (င) အထူးပင်စင်။ ဝန်ထမ်းသည် တာဝန်ထမ်းဆောင်မှုကို အကြောင်းပြု၍ ရောဂါရရှိသည့်အခါတွင်ဖြစ်စေ၊ ထိခိုက် အနာတရဖြစ်သည့်အခါတွင်ဖြစ်စေ၊ မသန်စွမ်းဖြစ်သည့် အခါတွင်ဖြစ်စေ သတ်မှတ်ထားသော ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် အထူးပင်စင်ခံစားခွင့်ရှိသည်။၄နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃ (င)
- (စ) မိသားစုပင်စင်။ ဝန်ထမ်းသည် တာဝန်ထမ်းဆောင်နေဆဲ တွင်ဖြစ်စေ၊ အငြိမ်းစားယူပြီးနောက်မှဖြစ်စေ ကွယ်လွန် ခဲ့လျှင် ကျန်ရစ်သူမိသားစုအတွက် မိသားစုပင်စင်ကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။၁နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ၂၃၃ (စ)
- (ဆ) လျှော့ပေါ့ပင်စင်။ အသက် ၅၅ နှစ်ပြည့်ပြီးဖြစ်သောဝန်ထမ်းသည် လုပ်သက်နှစ် ၂၀ ကျော်လွန်လျှင်သော် လည်းကောင်း၊ အသက် ၅၀ နှစ်ပြည့်ပြီးသော ဝန်ထမ်းသည် လုပ်သက် ၂၅ နှစ်ကျော်လွန်လျှင်သော်လည်းကောင်း လျှော့ပေါ့ပင်စင်ခံစားခွင့်ရှိသည်။ သို့ရာတွင် နိုင်ငံတော်၏ လိုအပ်ချက်အရ ဖော်ပြပါသတ်မှတ်ချက်များ မပြည့်မီသော် လည်း လျှော့ပေါ့ပင်စင်ခွင့်ပြုနိုင်သည်။၂နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃ (ဆ)