၁၁၆။ သင်္ဘောသားနာမကျန်းခွင့်ကို ခွင့်ပြုရာတွင် –
- (က) လုပ်သက် သုံးနှစ်ကာလတစ်ရပ်အတွင်း ပျမ်းမျှလစာနှုန်းပြည့်ဖြင့် သင်္ဘောသားနာမကျန်းခွင့် သုံးလအထိ ခွင့်ပြုရမည်။
- ( ခ ) ခွင့်ပြုသောခွင့်လစာမှ အလုပ်သမားလျော်ကြေးဥပဒေအရ ရခွင့်ရှိသောခံစားခွင့်များကို ခုနှိမ်ရမည်။
- ( ဂ ) အခြားခွင့်အမျိုးအစားများ၏ နောက်မှဆက်၍ ခွင့်မပြုရ။
- (ဃ) သက်ဆိုင်ရာဆရာဝန်၏ထောက်ခံချက်ပါရှိပါက အခြားခွင့်အမျိုးအစားများကို သင်္ဘောသားနာမကျန်း ခွင့်၏နောက်မှ ဆက်စပ်၍ခွင့်ပြုနိုင်သည်။