အငြိမ်းစားယူခြင်းကိစ္စ
အငြိမ်းစားယူခြင်းကိစ္စ
၁။ အမြဲတမ်းအတွင်းဝန်အား မြို့ပြဘက်တွင် တာဝန်ထမ်းဆောင်ခဲ့သော ကာလများအတွက် ပင်စင်အကျိုးခံစားခွင့် ပြုနိုင်ရေးကိစ္စ
သက်ဆိုင်ရာဌာနအနေဖြင့် အမြဲတမ်းအတွင်းဝန်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်ဖြင့် နိုင်ငံတော်၏လိုအပ်ချက်အရ ဒုတိယဝန်ကြီးအဖြစ် စတင်ခန့်အပ်သည့်အချိန် မှစ၍ မြို့ပြဘက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလများကို နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (ဆ) နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၃၊ နည်းဥပဒေခွဲ (ဆ) တို့ပါပြဋ္ဌာန်းချက် များအရ လျှော့ပေါ့ပင်စင်ကို ခံစားခွင့်ပြုရမည်ဖြစ်ပြီး ပင်စင်ဦးစီးဌာန၏ သဘောထားမှတ်ချက်ကိုလည်း ညှိနှိုင်း ရယူသင့်ပါသည်။
[printfriendly current=’yes’]
၂။ သက်ပြည့်ပင်စင်ခံစားမည့် ဝန်ထမ်းအားဌာနဆိုင်ရာစစ်ဆေးမှုမပြီးပြတ်ပါက ဌာနမှဆက်လက် ဆောင်ရွက်ရမည့် အခြေအနေနှင့် ကြိုတင်ပြင်ဆင်ခွင့် (၄) လအား ခံစားခွင့်ပြုထားခြင်း မရှိသည့်ကိစ္စ
သက်ဆိုင်ရာဌာနအနေဖြင့် သက်ပြည့်ပင်စင်ခံစားမည့် ဝန်ထမ်းအား ဌာနဆိုင်ရာစစ်ဆေးမှု မပြီးပြတ်သေးသဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၁ ပါပြဋ္ဌာန်းချက်အရ အငြိမ်းစားယူခွင့်မပြုရသည့်အတွက် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် လေးလ လျှောက်ထား လာခြင်းကို ခံစားခွင့်မပြုထားခြင်းသည် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါပြဋ္ဌာန်းချက်နှင့်ညီညွတ်မှု ရှိပါသည်။
[printfriendly current=’yes’]