Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရာထူးဝန်အဖွဲ့
အမိန့်ကြော်ငြာစာအမှတ် ၁၆ /၂၀၂၂
၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်
( ၂၀၂၂ ခုနှစ်၊ ဧပြီလ ၅ ရက် )
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများပါ နိုင်ငံ့ဝန်ထမ်း တစ်ဦး သက်ပြည့်အငြိမ်းစားယူရမည့်နေ့ရက်နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
၁။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများပါ သက်ပြည့် အငြိမ်းစားယူရမည့်နေ့ရက်ကို ဝန်ထမ်းအသက် ၆၂ နှစ်ပြည့်သည့်နေ့ရက်ဟု သတ်မှတ်ခဲ့သည့် ပြဋ္ဌာန်းချက်တွင် အောက်ဖော်ပြပါသတ်မှတ်ချက်များနှင့်ကိုက်ညီသူများ အကျုံးဝင်မှုရှိစေရမည် –
(က) ၃၁-၃-၂၀၂၂ ရက်နေ့တွင် အသက် (၆၀)နှစ်မကျော်လွန်သေးသည့် နိုင်ငံ့ဝန်ထမ်းများ၊
( ခ ) ၃၁-၃-၂၀၂၂ ရက်နေ့တွင် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ခံစားနေဆဲ နိုင်ငံ့ ဝန်ထမ်းများ၊
( ဂ ) အများပြည်သူအကျိုးငှာ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ကိုငြင်းပယ်ပြီး ၃၁-၃-၂၀၂၂ ရက်နေ့တွင် ထိုခွင့်ကိုရွှေ့ဆိုင်းခွင့် (Deferred Leave) ခံစားနေဆဲ နိုင်ငံ့ဝန်ထမ်းများ၊
(ဃ) အသက် (၆၀) နှစ်ပြည့်ပြီးသော်လည်း လုပ်ငန်းလိုအပ်ချက်အရ ဆက်လက်အမှုထမ်း ခွင့် (Extension of Service)ရရှိနေပြီး ၃၁-၃-၂၀၂၂ ရက်နေ့တွင် အသက် (၆၂) နှစ် မကျော်လွန်သေးသူများ၊