ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

(၅) အဖွဲ့၏သဘောတူညီချက်ရယူခြင်း

အခန်း ()

အဖွဲ့၏သဘောတူညီချက်ရယူခြင်း

၄၃။ အဖွဲ့၏ သဘောတူညီချက်ရယူရန် လိုအပ်သည့်ကိစ္စရပ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်-

  • (က) ရာထူးကူးပြောင်းချိန်ကာလ ရက် ၃၀ ထက် ကျော်လွန်သည့်ကိစ္စ၊
  • ( ခ ) ပြင်ပဝန်ထမ်းစည်းကမ်းချက်များ ထုတ်ပြန်ရေးကိစ္စ၊
  • ( ဂ ) ကြိုတင်နှစ်တိုးခွင့်ပြုရေးကိစ္စ၊
  • (ဃ) အထူးမသန်မစွမ်းခွင့် ခွင့်ပြုခြင်းကိစ္စ။

၄၄။       အဖွဲ့သည် ဝန်ထမ်းအဖွဲ့အစည်းများက အဆိုပြု ညှိနှိုင်းလာသည့် ပြင်ပဝန်ထမ်းစည်းကမ်း ချက်များအား သဘောတူခွင့်ပြုရာတွင် အောက်ဖော်ပြပါအချက်များကို စိစစ်ရမည်-

  • (က)    လွှဲပြောင်းတာဝန်ထမ်းဆောင်မည့်   နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းနှင့် တာဝန်တို့ကို ဖော်ပြထားခြင်းရှိ မရှိ၊
  • ( ခ )    လွှဲပြောင်းတာဝန်ထမ်းဆောင်မည့် ကာလကို တိကျစွာဖော်ပြထားခြင်းရှိ မရှိ၊
  • ( ဂ )    ဝန်ထမ်းသည် ပြင်ပအဖွဲ့အစည်းသို့ လွှဲပြောင်းပေးသည့်နေ့မှစ၍ မိခင်ဌာနမှ ရာထူးလစာကို ခံစားခွင့်မရှိကြောင်း ဖော်ပြထားခြင်း ရှိ မရှိ၊
  • (ဃ)    ပင်စင်ထည့်ဝင်ကြေးကို    ခေါ်ယူခန့်ထားသည့် အဖွဲ့အစည်းက သတ်မှတ်ထားသော နှုန်းအတိုင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းခြင်းမပြုပါက ဝန်ထမ်း ကိုယ်တိုင်က ပေးသွင်းရမည်ကို ဖော်ပြထားခြင်း ရှိ မရှိ၊
  • ( င )    ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်သည့် ကာလအတွက် ခွင့်စုဆောင်းခွင့် မပြုပါက ခွင့်လစာထည့်ဝင်ကြေး ပေးသွင်းရန် မလိုကြောင်း ဖော်ပြထားခြင်း ရှိ မရှိ၊
  • ( စ )   ဝန်ထမ်း၏  မူလရာထူးနေရာတွင် ယာယီအစီအစဉ်ဖြင့် လူစားခန့်ထားခွင့်ရှိကြောင်း ဖော်ပြထားခြင်း ရှိ မရှိ၊
  • (ဆ)    ပြင်ပဝန်ထမ်း တာဝန်ထမ်းဆောင်ခွင့်ပြုသည့် ကာလသည် ဝန်ထမ်း၏သက်ပြည့် အငြိမ်းစားယူရမည့်နေ့ထက် ကျော်လွန်ခြင်း ရှိ မရှိ။

၄၅။       အဖွဲ့သည် ဝန်ထမ်းအဖွဲ့အစည်းများက ညှိနှိုင်းလာသည့် ကြိုတင်နှစ်တိုးခွင့်ပြုရေးကိစ္စ များအား သဘောတူခွင့်ပြုရာတွင် အောက်ဖော်ပြပါအချက်တစ်ရပ်ရပ်နှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ရမည်-

  • (က)    ရာထူးအတွက် သာမန်အားဖြင့် လိုအပ်သော အရည်အချင်းထက် ထူးကဲသာလွန် သော အရည်အချင်းနှင့် အတွေ့အကြုံများ ဆည်းပူးရရှိထားသည့်ပုဂ္ဂိုလ်ကို ဝန်ထမ်း အဖြစ် စတင်ခန့်အပ်သည့်အခါ ကနဦးလစာ တိုးမြှင့်သတ်မှတ်ပေးသင့်သည့် ကိစ္စ ဖြစ်ခြင်း၊
  • ( ခ )    လက်ရှိရာထူး၌ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်မှုအတွက် ဝန်ထမ်းကို ချီးမြှင့်ထိုက်သည့် ကိစ္စဖြစ်ခြင်း၊
  • ( ဂ )    အခြားလုံလောက်သော အကြောင်းထူးတစ်ခုခုကြောင့် ဝန်ထမ်းကို ကြိုတင်နှစ်တိုး ပေးသင့်သည့် ကိစ္စဖြစ်ခြင်း။
my_MMMY