အခန်း (၄)
ဝန်ထမ်းများလေ့ကျင့်ခြင်း
၂၉။ အဖွဲ့သည်ဝန်ထမ်းများ လေ့ကျင့်ပျိုးထောင်ရေးဆောင်ရွက်ရာတွင် အောက်ပါအရည်အချင်းများ မြင့်မားလာစေရန် ဆောင်ရွက်ရမည်-
- (က) ဝန်ထမ်းများသိရှိရမည့် ဥပဒေ၊နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို သိရှိနားလည်မှု၊
- ( ခ ) ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲအုပ်ချုပ်မှုပညာကို ကျွမ်းကျင်တတ်မြောက်မှု၊
- ( ဂ ) အဖွဲ့အစည်းဆိုင်ရာစီမံခန့်ခွဲအုပ်ချုပ်မှုပညာကို ကျွမ်းကျင်တတ်မြောက်မှု၊
- (ဃ) ပြည်သူ့ရေးရာ စီမံခန့်ခွဲအုပ်ချုပ်မှုပညာကို ကျွမ်းကျင်တတ်မြောက်မှု၊
- ( င ) ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် ခေါင်းဆောင်မှုသဘောတရားများနားလည် တတ်မြောက်မှု၊
- ( စ ) ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများကို လေ့လာ ဆည်းပူးသိရှိနားလည်မှု၊
- (ဆ) နိုင်ငံသားတစ်ဦး သိရှိနားလည်သင့်သော နိုင်ငံတော်က ထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို သိရှိနားလည်မှု၊
- ( ဇ ) နိုင်ငံသားတစ်ဦး တတ်မြောက်သင့်သော အခြေခံစစ်ပညာကို လေ့ကျင့်တတ်ကျွမ်းမှု၊