ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

(၄) ဝန်ထမ်းများလေ့ကျင့်ခြင်း

၃၉။ စာရေးဝန်ထမ်းအခြေခံသင်တန်းသို့ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများက ရွေးချယ် စေလွှတ်သော အသက် ၄၅ နှစ်အောက်ရှိပြီး ကျန်းမာရေးနှင့်ပြည့်စုံသည့် အငယ်တန်းစာရေးနှင့် အကြီးတန်းစာရေးများ တက်ရောက်ရမည်။

၄၀။ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းသည် အထူးကိစ္စတစ်ရပ်အနေဖြင့် အဖွဲ့က တိုက်ရိုက် ရွေးချယ်သော ဝန်ထမ်းလောင်းများအား အရာထမ်းလောင်းအခြေခံသင်တန်းသို့ တက်ရောက်နိုင် စေရန် အဖွဲ့နှင့်ညှိနှိုင်း ဆောင်ရွက်ရမည်။

၄၁။ အဖွဲ့သည် ဝန်ထမ်းအဖွဲ့အစည်းများရှိ အလယ်အလတ်အဆင့်အရာထမ်းများနှင့် အဆင့်မြင့် အရာထမ်းများအား လေ့ကျင့်ပျိုးထောင်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပေးရမည်။

၄၂။ ဝန်ထမ်းအဖွဲ့အစည်းများသည် မိမိတို့၏ လုပ်ငန်းသဘာဝအရ လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်ခြင်းမှအပ စီမံခန့်ခွဲရေးဆိုင်ရာနှင့် ဝန်ထမ်းရေးရာသင်တန်းများကို ဝန်ထမ်း တက္ကသိုလ်များတွင် ဖွင့်လှစ်လိုပါက အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

my_MMMY