ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ – Mobile

၃၆။       အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းသို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအတွက် အဖွဲ့က  ရွေးချယ်ခြင်းခံရသည့် ကျန်းမာရေး ကောင်းမွန်သည့် ပြန်တမ်းဝင်အရာရှိလောင်းများ တက်ရောက်ရမည်။

၃၇။       အရာထမ်းငယ်အခြေခံသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အောက်ပါဝန်ထမ်းများ တက်ရောက်ရမည်-

  • (က)    စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး) အဆင့် (၂)၊
  • ( ခ )    ပညာရှင်အဆင့် (၃)၊
  • ( ဂ )   ကျွမ်းကျင်ဝန်ထမ်းအဆင့် (၅)၊
  • (ဃ)    စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊လူမှုရေး) အဆင့် (၁)။

၃၈။       စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့်သင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း များက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် ဌာနခွဲစာရေးနှင့် ရုံးအုပ်များ တက်ရောက်ရမည်။

၃၉။       စာရေးဝန်ထမ်းအခြေခံသင်တန်းသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ရွေးချယ်စေလွှတ်သော ကျန်းမာရေးကောင်းမွန်သည့် အငယ်တန်းစာရေးနှင့် အကြီးတန်းစာရေးများ တက်ရောက်ရမည်။

၄၀။       သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းသည် အထူးကိစ္စတစ်ရပ်အနေဖြင့် အဖွဲ့က တိုက်ရိုက်ရွေးချယ်သော ဝန်ထမ်းလောင်းများအား အရာထမ်းလောင်းအခြေခံသင်တန်းသို့ တက်ရောက် နိုင်စေရန် အဖွဲ့နှင့်ညှိနှိုင်းဆောင်ရွက်ရမည်။

၄၁။       အဖွဲ့သည် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများရှိ အရာထမ်းများအား လေ့ကျင့်ပျိုးထောင်ရန် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပေးရမည်။

၄၂။       ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသည် မိမိတို့၏ လုပ်ငန်းသဘာဝအရ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ခြင်းမှအပ စီမံခန့်ခွဲရေးဆိုင်ရာနှင့် ဝန်ထမ်းရေးရာသင်တန်းများကို ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လိုပါက အဖွဲ့နှင့်ညှိနှိုင်းဆောင်ရွက်ရမည်။

အခန်း()

အဖွဲ့၏ သဘောတူညီချက်ရယူခြင်း

၄၃။       အဖွဲ့၏ သဘောတူညီချက်ရယူရန် လိုအပ်သည့် ကိစ္စရပ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်-

  • (က)    ရာထူးကူးပြောင်းချိန်ကာလ ရက် ၃၀ ထက် ကျော်လွန်သည့်ကိစ္စ၊
  • ( ခ )    ပြင်ပဝန်ထမ်းစည်းကမ်းချက်များ   ထုတ်ပြန်ရေးကိစ္စ၊
  • ( ဂ )    ကြိုတင်နှစ်တိုးခွင့်ပြုရေးကိစ္စ။

၄၄။       အဖွဲ့သည် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက အဆိုပြုညှိနှိုင်းလာသည့် ပြင်ပဝန်ထမ်း စည်းကမ်းချက်များအား သဘောတူခွင့်ပြုရာတွင် အောက်ဖော်ပြပါအချက်များကို စိစစ်ရမည်-

  • (က)    လွှဲပြောင်းတာဝန်ထမ်းဆောင်မည့် နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းနှင့် တာဝန်တို့ကို ဖော်ပြထားခြင်းရှိ မရှိ၊
  • ( ခ )    လွှဲပြောင်းတာဝန်ထမ်းဆောင်မည့် ကာလကို တိကျစွာဖော်ပြထားခြင်းရှိ မရှိ၊
  • ( ဂ )    ဝန်ထမ်းသည် ပြင်ပအဖွဲ့အစည်းသို့ လွှဲပြောင်းပေးသည့်နေ့မှစ၍ မိခင်ဌာနမှ ရာထူး လစာကို ခံစားခွင့်မရှိကြောင်း ဖော်ပြထားခြင်း ရှိ မရှိ၊
  • (ဃ)    ပင်စင်ထည့်ဝင်ကြေးကို ခေါ်ယူခန့်ထားသည့် သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်းက နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေသို့ သတ်မှတ်ထားသောနှုန်းအတိုင်း ပေးသွင်းခြင်းမပြုပါက ဝန်ထမ်းကိုယ်တိုင်က ပေးသွင်းရမည်ကိုဖော်ပြထားခြင်းရှိ မရှိ၊
  • ( င )    ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်သည့် ကာလအတွက် ခွင့်စုဆောင်းခွင့်မပြုပါက ခွင့်လစာထည့်ဝင်ကြေး ပေးသွင်းရန်မလိုကြောင်း ဖော်ပြထားခြင်း ရှိ မရှိ၊
  • ( စ )    ဝန်ထမ်း၏  မူလရာထူးနေရာတွင်    ယာယီအစီအစဉ်ဖြင့် လူစားခန့်ထားခွင့်ရှိကြောင်း ဖော်ပြထားခြင်း ရှိ မရှိ၊
  • (ဆ)    ပြင်ပဝန်ထမ်း တာဝန်ထမ်းဆောင်ခွင့်ပြုသည့်ကာလသည် ဝန်ထမ်း၏သက်ပြည့် အငြိမ်းစားယူရမည့်နေ့ထက်ကျော်လွန်ခြင်း ရှိ မရှိ။

၄၅။       အဖွဲ့သည် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ညှိနှိုင်းလာသည့် ကြိုတင်နှစ်တိုးခွင့်ပြုရေး ကိစ္စများအား သဘောတူခွင့်ပြုရာတွင် အောက်ဖော်ပြပါအချက်တစ်ရပ်ရပ်နှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ရမည်-

  • (က)    ရာထူးအတွက် သာမန်အားဖြင့် လိုအပ်သော အရည်အချင်းထက် ထူးကဲသာလွန် သောအရည်အချင်းနှင့် အတွေ့အကြုံများ ဆည်းပူးရရှိထားသည့်ပုဂ္ဂိုလ်ကို ဝန်ထမ်း အဖြစ် စတင်ခန့်အပ်သည့်အခါ ကနဦးလစာ တိုးမြှင့်သတ်မှတ်ပေးသင့်သည့်ကိစ္စ ဖြစ်ခြင်း၊
  • ( ခ )    လက်ရှိရာထူး၌ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်မှုအတွက် ဝန်ထမ်းကို ချီးမြှင့်ထိုက်သည့် ကိစ္စဖြစ်ခြင်း၊
  • ( ဂ )    အခြားလုံလောက်သော အကြောင်းထူးတစ်ခုခုကြောင့် ဝန်ထမ်းကို ကြိုတင်နှစ်တိုး ပေးသင့်သည့်ကိစ္စဖြစ်ခြင်း။
my_MMMY