ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

(၁) အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

အခန်း (၁)
အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။(က) ဤဥပဒေကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ဟုခေါ် တွင်စေရမည်။

( ခ ) ဤဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့် နေ့မှစတင်၍ အာဏာတည်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် –

  • (က) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆိုသည်။
  • (ခ) အဖွဲ့ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ကိုဆိုသည်။
  • (ဂ) ဥက္ကဋ္ဌ ဆိုသည်မှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ကိုဆိုသည်။
  • (ဃ) အဖွဲ့ဝင် ဆိုသည်မှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ကိုဆိုသည်။
  • (င) ဝန်ထမ်းအဖွဲ့အစည်း ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် တည်ဆဲဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသော နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းကိုဆိုသည်။
  • (စ) ဝန်ထမ်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ဖွဲ့စည်းပုံပါရာထူးတွင် ခန့်အပ်ခြင်းခံရသူ နိုင်ငံ့ဝန်ထမ်းကို ဆိုသည်။
  • (ဆ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း ဆိုသည်မှာ နိုင်ငံ့၀န်ထမ်းဥပဒေပါ အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း ဖြစ်သည်။**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။

၃။ ဤဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၁ နှင့် ၂၉၂ တို့တွင် ဖော်ပြထားသော နိုင်ငံ့ဝန်ထမ်းများမှအပ ဝန်ထမ်းအဖွဲ့အစည်း အသီးသီးရှိ နိုင်ငံ့ဝန်ထမ်းအားလုံးနှင့် သက်ဆိုင်စေရမည်။**၁၇-၅-၂၀၁၉ ရက်နေ့တွင် ဒုတိယအကြိမ်ပြင်ဆင်သည်။

my_MMMY