ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

(၅) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကျင့်ဝတ်နှင့်စည်းကမ်းများ

အခန်း(၅)
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကျင့်ဝတ်နှင့်စည်းကမ်းများ

၁၈။ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အောက်ပါကျင့်ဝတ်နှင့်စည်းကမ်းများကို လိုက်နာစောင့်ထိန်းရမည် –

  • (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှတစ်ပါး မည်သည့် နိုင်ငံ၏ကျေးဇူးသစ္စာကိုမျှ ခံယူခြင်းမပြုရ။
  • (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဤဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရမည်။
  • (ဂ) တာဝန်ထမ်းဆောင်ရာ၌ အဂတိမလိုက်စားဘဲ ဖြောင့်မတ် တည်ကြည်စွာ ထမ်းဆောင်ရမည်။
  • (ဃ) မိမိတာဝန်၊ သိက္ခာနှင့်အညီ ပြောဆိုနေထိုင်ကျင့်ကြံရမည်။
my_MMMY