FAQ
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၉၈ ပါ ပြဋ္ဌာန်းချက်အရ ခွင့်ပေးပိုင်ခွင့်ရှိသူသည် ဝန်ထမ်းတစ်ဦး ခွင့်မဲ့ပျက်ကွက် ရသည့် အကြောင်းရင်းအပေါ်မူတည်၍ လက်ခံနိုင်ဖွယ်ရာခိုင်လုံသော အကြောင်းပြချက်ရှိပါက ခွင့်မဲ့ ပျက်ကွက်ခဲ့သည့်ကာလများကို လစာမဲ့ခွင့်အဖြစ် သတ်မှတ်ခွင့်ပြုနိုင်သည်။ ယင်းသို့သတ်မှတ်ရခြင်း အကြောင်းရင်းကိုဖော်ပြရမည်။ သာမန်အားဖြင့် လစာမဲ့ခွင့်ကို စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်အဖြစ် မသတ်မှတ်ရ။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၉၈ ပါ ပြဋ္ဌာန်းချက်အရ သာမန်အားဖြင့်လစာမဲ့ခွင့်ကို စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်အဖြစ် မသတ်မှတ်နိုင်ပါ။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၉၉ ပါ ပြဋ္ဌာန်းချက်အရ လစာမဲ့ခွင့်ကာလအတွင်း မည်သည့်ခွင့်လစာမျှခံစားခွင့် မရှိပါ။ လစာမဲ့ခွင့်ကာလကို အငြိမ်းစားလစာရေတွက်ရာတွင် လုပ်သက်ကာလအဖြစ် ထည့်သွင်း ရေတွက်ခြင်းမပြုနိုင်ပါ။
နည်းဥပဒေ ၁၀၀ ပါ ပြဋ္ဌာန်းချက်အရ လစာမဲ့ခွင့်ကာလအတွင်း ဝန်ထမ်းရေးရာခံစားခွင့်များ အားလုံးဆုံးရှုံးသည်။ သို့ရာတွင် နာမကျန်းဖြစ်ခြင်းကြောင့်ဖြစ်စေ၊ မလွှဲမရှောင်သာသည့် အကြောင်း တစ်ရပ်ရပ်ကြောင့်ဖြစ်စေ လစာမဲ့ခွင့်ခံစားခဲ့ရခြင်းဖြစ်ပါက လစာမဲ့ခွင့်ကာလအတွက် လစာငွေကိုသာ ထိခိုက်စေပြီး အခြားဝန်ထမ်းရေးရာအခွင့်အရေးများ ဆုံးရှုံးမှုမဖြစ်စေရ။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၁၀၁၊ နည်းဥပဒေခွဲ (က) ပါ ပြဋ္ဌာန်းချက်အရ အမျိုးသမီးဝန်ထမ်းများသည် မီးဖွားခွင့်ကို စတင်ခံစားသည့်နေ့ရက်မှစ၍ ခြောက်လ အထိ ခံစားခွင့်ရှိပါသည်။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၁၀၁၊ နည်းဥပဒေခွဲ (ခ)၊ နည်းဥပဒေခွဲငယ် (၁)နှင့် (၂) တို့ ပါ ပြဋ္ဌာန်းချက်များ အရ အခြားခွင့်များနှင့်ဆက်စပ်၍ ခွင့်မပြုရသော်လည်း ဆေးလက်မှတ်အထောက်အထားဖြင့် တောင်းခံပါက အခြားခွင့်များကို မီးဖွားခွင့်၏ နောက်မှဆက်၍ခွင့်ပြုနိုင်သည်။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၁၀၁၊ နည်းဥပဒေခွဲ (ခ)၊ နည်းဥပဒေခွဲငယ် (၃) ပါ ပြဋ္ဌာန်းချက်အရ ကိုယ်ဝန် ဆောင်နေသည့်ကာလအတွင်း သန္ဓေပျက်ကျသည့် အခြေအနေမျိုးတွင် ဆေးလက်မှတ်အထောက် အထားဖြင့် ခြောက်ပတ်ထက်မပိုသည့် မီးဖွားခွင့်ကို ခွင့်ပြုရမည်။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၈၉ ပါ ပြဋ္ဌာန်းချက်အရ လုပ်သက်ခွင့်ကာလအတွင်း၌ ပျမ်းမျှလစာကိုခွင့်လစာ အဖြစ်ခံစားခွင့်ရှိသည်။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၉၀ ပါပြဋ္ဌာန်းချက်အရ အားလပ်ရက်ရှည်ဆိုသည်မှာ ပြက္ခဒိန်နှစ်တစ်နှစ် အတွင်း တစ်ဆက်တည်းပိတ်ရက် ၁၅ ရက် ထက်ကျော်လွန်သော ကာလတစ်ရပ်ကိုဆိုသည်။ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း၌ အားလပ်ရက်ရှည် ကာလတစ်ခုတည်းရှိပြီး ထိုအားလပ်ရက်ရှည် ကာလသည် ရက်၃၀ အောက်လျော့နည်းပါကလည်း ထိုကာလကိုတစ်လဟုမှတ်ယူရမည်။
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၉၂ ပါပြဋ္ဌာန်းချက်အရ အားလပ်ရက်ရှည်ခံစားခွင့်ရှိသည့်ဝန်ထမ်းများအတွက် –
Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
နည်းဥပဒေ ၉၂၊ နည်းဥပဒေခွဲ (ဃ) ပါ ပြဋ္ဌာန်းချက်အရ အားလပ်ရက်ရှည်ကို အခြားခွင့် တစ်မျိုးမျိုး၏ ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ တစ်ဆက်တည်း ဆက်စပ်ခံစားနိုင်သည်။ သို့ရာတွင် လုပ်သက်ခွင့်နှင့် အတူခံစားသည့်အခါ ယင်းခွင့်နှင့်အားလပ်ရက်ရှည်စုစုပေါင်းကာလသည် နှစ်လ ထက်မပိုစေရ။