{ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ (၉-၆-၂၀၁၇)၊
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့်
နည်းဥပဒေများ(၂၅-၈-၂၀၁၇)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို
တတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ (၂၄-၈-၂၀၂၀)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို
စတုတ္တအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ (၃၁-၃-၂၀၂၂)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို
ပဥ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ (၃၀-၁-၂၀၂၃) ပါ
ထုတ်ပြန်ချက်များနှင့် ပြင်ဆင်ဖြည့်စွက်ထားပါသည် }
အမိန့်ကြော်ငြာစာအမှတ် ၁၂ /၂၀၁၄
၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက်
(၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်)
ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကိုထုတ်ပြန်လိုက်သည်။
အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤနည်းဥပဒေများကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ဟုခေါ်တွင်စေရမည်။