ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို တတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ (၂၄.၈.၂၀၂၀)

၁၁။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၆၊ နည်းဥပဒေခွဲ (ခ) တွင် ပါရှိသော “ဇယား (၂) ပါအတိုင်း ခရီးစရိတ်ခွင့်ပြုခြင်း၊” ဆိုသည့် စကားရပ်ကို “စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဌာနက အခါအားလျော်စွာ သတ်မှတ်သည့်ခရီးစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း ခံစားခွင့်ပြုခြင်း၊ ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၂။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၉၂၊ နည်းဥပဒေခွဲ (ဃ) တွင် ပါရှိသော “စုစုပေါင်းကာလသည် လေးလထက် မပိုစေရ။” ဆိုသည့် စကားရပ်ကို “စုစုပေါင်းကာလသည် နှစ်လထက် မပိုစေရ။” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၀၁၊ နည်းဥပဒေခွဲ (ဂ) တွင်ပါရှိသော “မီးဖွားသော အမျိုးသမီး၏ ခင်ပွန်းသည် ဝန်ထမ်းဖြစ်လျှင် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခွင့် ရရှိရေးအတွက် ခင်ပွန်းဖြစ်သူကို ရက်သတ္တပတ် နှစ်ပတ် ခွင့်ပြုရမည်။” ဆိုသည့်စကားရပ်ကို “ဝန်ထမ်း၏ ဇနီးသည် မီးဖွားလျှင် ခင်ပွန်းဖြစ်သူကို မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခွင့်အဖြစ် ကလေးမွေးဖွားသည့်နေ့မှ ၂၈ ရက်အတွင်း ရက်သတ္တပတ် နှစ်ပတ်ခွင့်ပြုရမည်။” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၄။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၆ ပါ “ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ အစီရင်ခံ တင်ပြရမည်။” ဆိုသည့် စကားရပ်ကို “နိုင်ငံတော်သမ္မတထံသို့ အစီရင်ခံတင်ပြရမည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၅။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ၂၂၂၊ နည်းဥပဒေခွဲ(က) တွင်ပါရှိသော “အယူခံ အဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းပြီး” ဆိုသည့် စကားရပ်၏နောက်တွင် “ပုံစံ (၂၀) ပါအတိုင်း” ဆိုသည့်စကားရပ်ကို ဖြည့်စွက်ရမည်။

၁၆။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၅၀၊ နည်းဥပဒေခွဲ(က)၊ နည်းဥပဒေခွဲငယ်(၄) တွင်ပါရှိသော “ဝန်ထမ်းကွယ်လွန်သည့်နေ့ရက်မှစ၍ ၁၅ နှစ်အထိ” ဆိုသည့်စကားရပ်ကို “ဝန်ထမ်း ကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက်မှစ၍ ၁၅ နှစ်အထိ” ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း၊ နည်းဥပဒေခွဲ(ခ)၊ နည်းဥပဒေခွဲငယ်(၃) နှင့် နည်းဥပဒေခွဲငယ်(၄)၊ နည်းဥပဒေခွဲငယ်စိတ်(ခခ) တို့တွင်ပါရှိသော “အငြိမ်းစားဝန်ထမ်း အငြိမ်းစားယူခဲ့သည့်နေ့၏နောက်နေ့ရက်မှစ၍ ၁၅ နှစ်အထိ” ဆိုသည့်စကားရပ်ကို “အငြိမ်းစားဝန်ထမ်း အငြိမ်းစားယူခဲ့သည့်နေ့မှစ၍ ၁၅ နှစ်အထိ” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အစားထိုးရမည်။

၁၈။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဇယား (၁)၊ အပိုဒ် ၁၊ အမှတ်စဉ် ၄ ပါ စာရေးဝန်ထမ်းအဆင့် (၄) ၏ အနည်းဆုံးရှိရမည့် ရာထူးသက်ကို “၃ နှစ်” အစား “၂ နှစ်” ဟု လည်းကောင်း၊ အပိုဒ် ၂၊ အမှတ်စဉ် ၅ ပါ ကျွမ်းကျင်သူအဆင့် (၅) ၏ အနည်းဆုံးရှိရမည့် ရာထူးသက်ကို “၃ နှစ်” အစား “၂ နှစ်” ဟုလည်းကောင်း အစားထိုးရမည်။

၁၉။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ဇယား (၂) ကိုပယ်ဖျက်ရမည်။

 

 

(ပုံ) ဝင်းသိမ်း
ဥက္ကဋ္ဌ
ပြည်ထောင်စုရာထူးဝန်အဖွဲ့

my_MMMY