ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ – Mobile

၄။         နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၈ နည်းဥပဒေခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-

  • “(က)  ရာထူးတိုးမြှင့်ရေးဆိုင်ရာ ရေးဖြေနှင့်လက်တွေ့စစ်ဆေးခြင်း၊ ရာထူးသက်၊ လုပ်သက် အမှတ်ပေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများကို ဤနည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးသို့ တိုးမြှင့်ခန့်ထားမည့် ဝန်ထမ်းများအနက် ရေးဖြေစာမေးပွဲအောင်မြင်သူများအား စိတ်အခြေအနေ စစ်ဆေးခြင်းကို ရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။”

၅။         နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၉  နည်းဥပဒေခွဲ (ဂ) ၏ နောက်တွင် နည်းဥပဒေခွဲ (ဃ) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

  • “ (ဃ) စိတ်အခြေအနေစစ်ဆေးခြင်း (ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးသို့ တိုးမြှင့်ခန့်ထားမည့် ဝန်ထမ်းများအတွက်သာ)။”

၆။         နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၂ နည်းဥပဒေခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

  • “(ဂ)    ရာထူးဝန်အဖွဲ့က သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် ဖွင့်လှစ်သည့် အနီးစပ်ဆုံး သင်တန်းသို့ တက်ရောက်ပြီးခြင်း ရှိ မရှိ။”

၇။         နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၅ တွင် –

(က) နည်းဥပဒေခွဲ (က) နှင့် နည်းဥပဒေခွဲ (ခ)  တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-

  • “ (က) ဝန်ထမ်း၏အရည်အချင်းကို စစ်ဆေးရာတွင် ရေးဖြေစာမေးပွဲစစ်ဆေးခြင်း၊ လက်တွေ့လုပ်ငန်းအရည်အချင်းစစ်ဆေးခြင်း၊ ရေးဖြေစာမေးပွဲနှင့် လက်တွေ့ လုပ်ငန်းနှစ်ရပ်စလုံးဖြင့် စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေး၍ အရည်အချင်းအကဲဖြတ် အမှတ်ပေးခြင်း နည်းလမ်းများကို အသုံးပြုရမည်။ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးသို့ တိုးမြှင့်ခန့်ထားမည့် ဝန်ထမ်းများအနက် ရေးဖြေစာမေးပွဲ အောင်မြင်သူများကို စိတ်အခြေအနေစစ်ဆေးခြင်း ဆောင်ရွက်ရမည်။
  • ( ခ ) ရာထူးအဆင့်၏ လုပ်ငန်းသဘာဝအလိုက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်း သို့မဟုတ် ရေးဖြေစာမေးပွဲနှင့် လက်တွေ့လုပ်ငန်းကျွမ်းကျင်မှု နှစ်ရပ်လုံးဖြင့် စစ်ဆေးခြင်းတို့ကို ပြုလုပ်၍ လူတွေ့စစ်ဆေးပြီး အရည်အချင်း အကဲဖြတ် အမှတ်ပေးခြင်းတို့ကို ပြုလုပ်ရမည်။ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် ရာထူးသို့ တိုးမြှင့်ခန့်ထားမည့် ဝန်ထမ်းများအနက် ရေးဖြေစာမေးပွဲအောင်မြင် သူများကို စိတ်အခြေအနေစစ်ဆေးခြင်း ဆောင်ရွက်ရမည်။”

(ခ)  နည်းဥပဒေခွဲ (ဂ) ၏နောက်တွင် နည်းဥပဒေခွဲ (ဂ-၁) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

  • “ (ဂ-၁) ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးသို့ တိုးမြှင့်ခန့်ထားမည့် ဝန်ထမ်း များအတွက် စိတ်အခြေအနေစစ်ဆေးတွေ့ရှိချက်ကို ထည့်သွင်းအကဲဖြတ် ဆောင်ရွက်ရမည်။”

၈။         နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၆ တွင်-

  • (က) နည်းဥပဒေခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-
  • “(က)  လုပ်သက်ပြတ်နေသောကာလ၊ လစာမဲ့ခွင့်ကာလ၊ တာဝန်တွင်ရှိသည်ဟု မသတ်မှတ်သော တာဝန်မှယာယီရပ်ဆိုင်းထားခြင်းခံရသော ကာလများကို လုပ်သက်အဖြစ် ရေတွက်ခြင်းမပြုဘဲ တစ်ဆက်တည်းဖြစ်သော  လုပ်သက်နှင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းတစ်ခုမှ ဝန်ကြီးဌာန၊ အဖွဲ့အစည်းတစ်ခုသို့ တစ်ဆက်တည်းပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သော လုပ်သက်တို့ကို ပေါင်းစပ်ရေတွက်အမှတ်ပေးရမည်။”

 

  • ( ခ ) နည်းဥပဒေခွဲ(ဃ) နည်းဥပဒေခွဲငယ် (၂)နှင့် နည်းဥပဒေခွဲငယ် (၃) တို့ကို အောက်ပါ အတိုင်း အစားထိုးရမည်-
  • “(၂)    အရာထမ်းများ၏ ရာထူးတိုးမြှင့်ရေးတွင် ရာထူးစုအမျိုးအစားမတူသော လုပ်သက် နှစ်ခုကို ပေါင်းစပ်ရေတွက်ရမည်။ ထိုသို့ရေတွက်ရာတွင် သက်ဆိုင်ရာ ဝန်ထမ်း အဖွဲ့အစည်းသည် ရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းရမည်။”
  • “(၃)    အမှုထမ်းများ၏ ရာထူးတိုးမြှင့်ရေးတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း ၏ စီမံခန့်ခွဲရေးကော်မတီက သဘောတူလျှင် ရာထူးစုအမျိုးအစား မတူသော လုပ်သက်နှစ်ခုကို ပေါင်းစပ်ရေတွက်ရမည်။”

၉။         နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၃၃ ကို အောက်ပါအတိုင်း အစားထိုးရမည်-

  • “၁၃၃။ ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် တာဝန်ထမ်းဆောင်ခွင့်ပြုနိုင်သည့်ကာလမှာ သုံးနှစ် ဖြစ်သည်။ ထပ်မံလိုအပ်ပါက နောက်ထပ်နှစ်နှစ်အထိသာ ခွင့်ပြုပြီး စုစုပေါင်းငါးနှစ်ထက် မပိုစေရ။ ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် လွှဲပြောင်းတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းသည် လုပ်သက် ၁၀ နှစ်ပြည့်ပြီး ဖြစ်ရမည့်အပြင် စေလွှတ်ချိန်၌အသက် ၅၅ နှစ်ထက် မကြီးစေရ။ သို့ရာတွင် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကအကျိုးတူ ပူးပေါင်းဆောင်ရွက်ရသည့် နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများ၊ ကုန်ထုတ်လုပ်ငန်းများမှ ဝန်ထမ်းများအတွက် လုပ်သက်နှင့်အသက် ကန့်သတ်မှုမရှိဘဲ ငါးနှစ်ထက်ပို၍ သက်တမ်းတိုးတင်ပြလာပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ထောက်ခံတင်ပြချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူပြီး တစ်နှစ်ချင်း သက်တမ်းတိုးနိုင်သည်။”

၁၀။       နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၈၂ နည်းဥပဒေခွဲ (စ) ၏နောက်တွင် နည်းဥပဒေခွဲ (ဆ) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

  • “(ဆ)     ဝန်ထမ်းအလုပ်ခွင်မှ ကင်းကွာရခြင်းသည် ဝန်ထမ်း၏ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့် ဟုတ် မဟုတ် စုံစမ်းရန်လိုအပ်သည့်အမှုကိစ္စ။

၁၁။       နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၁ တွင်-

  • (က)     နည်းဥပဒေခွဲ (ဂ) ၏နောက်တွင် နည်းဥပဒေခွဲ (ဃ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
  • “(ဃ)  ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်မဟုတ်ဘဲ မမျှော်မှန်း နိုင်သည့် အခြေအနေကြောင့် အလုပ်ခွင်မှ ကင်းကွာနေခြင်းဖြစ်ကြောင်း ခိုင်လုံသောအထောက်အထားများဖြင့် စစ်ဆေးတွေ့ရှိရပါက ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ သဘောထားညှိနှိုင်းရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူရမည်။”
  • ( ခ )       မူလနည်းဥပဒေခွဲ (ဃ) ကို နည်းဥပဒေခွဲ (င) အဖြစ် ပြောင်းလဲအမှတ်စဉ်ရမည်။

၁၂။       နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၆၅ နည်းဥပဒေခွဲ (ခ) ၏နောက်တွင် နည်းဥပဒေခွဲ (ဂ) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

  • “(ဂ)    ဝန်ထမ်းသည် လက်နက်ကိုင်အဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး ပျောက်ဆုံးနေသည့်ကိစ္စတွင် ဌာနဆိုင်ရာစစ်ဆေး ပေါ်ပေါက်ချက်များအရ သေဆုံးကြောင်း အထောက်အထားခိုင်လုံပါက ခံစားခွင့် ရှိသည့် ဆုငွေနှင့်ပင်စင်ကို ဇယား (၈) နှင့် (၉) တို့၌ ဖော်ပြထားသည့် နှုန်းထက် မပိုသော မိသားစုအထူးပင်စင်။

၁၃။       နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဇယား (၁) တွင်-

  • (က) အပိုဒ် (၁) အမှတ်စဉ် (၄) ပါ စာရေးဝန်ထမ်းအဆင့် (၄) ၏ အနည်းဆုံးရှိရမည့် ရာထူးသက် “၂ နှစ်” ဆိုသည့်စကားရပ်ကို “၄ နှစ်” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ အပိုဒ် (၂) အမှတ်စဉ် (၅) ပါ ကျွမ်းကျင်သူအဆင့် (၅) ၏ အနည်းဆုံးရှိရမည့် ရာထူးသက် “၂ နှစ်” ဆိုသည့်စကားရပ်ကို “၄ နှစ်” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ အပိုဒ် (၃) အမှတ်စဉ် (၃) ပါ ပညာရှင်အဆင့် (၃) ၏ အနည်းဆုံးရှိရမည့် ရာထူးသက် “၃ နှစ်” ဆိုသည့်စကားရပ်ကို “၅ နှစ်” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ အပိုဒ် (၄) အမှတ်စဉ် (၂) ပါ စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး) အဆင့်(၂) ၏ အနည်းဆုံးရှိရမည့် ရာထူးသက် “၃ နှစ်” ဆိုသည့်စကားရပ်ကို “၅ နှစ်” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ အပိုဒ် (၅) အမှတ်စဉ် (၁) ပါ စီမံခန့်ခွဲရေးဝန်ထမ်း (အုပ်ချုပ်ရေး၊ လူမှုရေး) အဆင့် (၁) ၏ အနည်းဆုံးရှိရမည့် ရာထူးသက် “၃ နှစ်” ဆိုသည့်စကားရပ်ကို “၅ နှစ်” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။
  • ( ခ )  အပိုဒ် (၇) ကို အောက်ပါအတိုင်း အစားထိုးရမည် –
    • “၇ ။     ဒုတိယညွှန်ကြားရေးမှူးရာထူးနှင့် လစာနှုန်းတူရာထူးအဆင့်များ၌ ရာထူးသက် “၂ နှစ်”၊ ညွှန်ကြားရေးမှူးရာထူးနှင့် လစာနှုန်းတူရာထူးအဆင့်များ၌ ရာထူးသက် “၁ နှစ်” ရှိရမည်။”

 

 

ဒေါက်တာမောင်မောင်နိုင်

ဥက္ကဋ္ဌ

ပြည်ထောင်စုရာထူးဝန်အဖွဲ့

my_MMMY