ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ – Mobile

၂၇၃။ ကျွမ်းကျင်သူအဖြစ်ခန့်ထားခြင်းခံရသော အငြိမ်းစားဝန်ထမ်းသည် –

  • (က) စာချုပ်ပါချီးမြှင့်ငွေကို လစဉ် လကုန်သည့်နေ့ရက်၌ ခံစားခွင့်ရှိသည်။
  • ( ခ ) ပင်စင်လစာခံစားနေသူဖြစ်ပါက စာချုပ်ဖြင့် ခန့်ထားသည့်ကာလအတွင်း ပင်စင် လစာကို ဆက်လက်ခံစားခွင့်ရှိသည်။
  • ( ဂ ) ရက်သတ္တပတ်အလုပ်ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များအပြင် ပြက္ခဒိန်နှစ် တစ်နှစ်လျှင် ရှောင်တခင်ခွင့် ၁၀ ရက် နှင့် လုပ်သက်ခွင့်ကို တာဝန်ထမ်းကာလ ၏၁/၁၁ နှုန်းဖြင့်စာချုပ်ဖြင့်ခန့်ထားသည့် ကာလအတွင်း လုပ်ခမပျက်ခံစားခွင့်ရှိသည်။ ယင်းကာလအတွင်း ခွင့်ခံစားခြင်းမပြုပါက အဆိုပါခွင့်သည် ပျက်ပြယ်စေရမည်။
  • (ဃ) ခွင့်ခံစားသည့်ကိစ္စမှတစ်ပါး အလုပ်ခွင်သို့လာရောက်ရန် ပျက်ကွက်ပါက ပျက်ကွက် သည့်နေ့ရက်အတွက် ချီးမြှင့်ငွေမှ အချိုးကျဖြတ်တောက်ခြင်းခံရမည်။
  • ( င ) တာဝန်အရ ခရီးသွားလာရပါက စာချုပ်ပါ သတ်မှတ်ထားသောအဆင့်နှင့်အညီ ခရီး စရိတ်နှင့် နေ့တွက်စရိတ်များ ခံစားခွင့်ရှိသည်။
  • ( စ ) အငြိမ်းစားယူပြီး တစ်ဆက်တည်း ကျွမ်းကျင်သူအဖြစ် ခန့်ထားသည့်ကိစ္စမျိုးတွင် ကြိုတင်ပြင်ဆင်ခွင့် လေးလ ခံစားခွင့်မရရှိသဖြင့် ယင်းလေးလအတွက် လစာကို တစ်လုံးတစ်ခဲတည်း ခံစားခွင့်ရှိသည်။

၂၇၄။     သက်ပြည့်အငြိမ်းစားဝန်ထမ်းကို စာချုပ်ဖြင့်ခန့်ထားရာ၌ ပုံစံ (၁၅)တွင်ဖော်ပြထားသည့် ပုံစံအတိုင်းချုပ်ဆိုရမည်။ အကျိုးခံစားခွင့်များမှတစ်ပါး ယင်းစာချုပ်ပါ အခြားအချက်အလက် များကို လုပ်ငန်းလိုအပ်ချက်နှင့်အညီ သင့်လျော်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ် နိုင်သည်။

အခန်း (၂၄)

ဝန်ထမ်းမှတ်တမ်းစာအုပ်ထိန်းသိမ်းခြင်း

 

၂၇၅။     ဝန်ထမ်းအဖြစ် ခန့်ထားခြင်းခံရသူတိုင်းအတွက် ဝန်ထမ်းမှတ်တမ်းစာအုပ်ထားရှိရမည်။ ဝန်ထမ်းမှတ်တမ်းစာအုပ်ကို ဝန်ထမ်းက မိမိ၏ငွေဖြင့်ဝယ်ယူရမည်။ အရာထမ်းအဆင့်၊ အမှုထမ်း အဆင့် ဝန်ထမ်းများအားလုံးအတွက် အကျုံးဝင်သည်။

၂၇၆။     ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် အိမ်ထောင်သည်ဖြစ်ပါက ဝန်ထမ်း၏ဇနီး၊ ခင်ပွန်း၊ မိဘ နှစ်ဦး၊ သား၊ သမီး၊ ညီအစ်ကိုမောင်နှမတို့ကို ပြည့်စုံစွာရေးသွင်းရမည်။ အိမ်ထောင်မရှိသူ၊ အပျို၊ လူပျို ဖြစ်ပါက ယင်းဝန်ထမ်း၏မိဘနှစ်ဦး၊ ညီအစ်ကိုမောင်နှမ၊ တူ၊တူမ အရင်းအချာများ၊ ယင်းတို့ မရှိပါက တရားဝင်မွေးစားထားသည့် သား ၊ သမီးများ အကျုံးဝင်သည်။

၂၇၇။     ဝန်ထမ်းမှတ်တမ်းစာအုပ်ကို ထိန်းသိမ်းထားရှိရန် ဝန်ထမ်းတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးတွင် တာဝန်ရှိသည်။ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသည် ဤတာဝန်ကို သင့်လျော်မည့် ဝန်ထမ်းတစ်ဦးကို လွှဲပြောင်းပေးအပ်နိုင်သည်။

၂၇၈။     ဝန်ထမ်း၏မွေးသက္ကရာဇ်ကို ဝန်ထမ်းမှတ်တမ်းစာအုပ်တွင်ရေးသွင်းရာ၌ –

  • (က)    မွေးသက္ကရာဇ်ကို အောက်ပါစာရွက်စာတမ်းအထောက်အထားတစ်ခုခုဖြင့်  တိုက်ဆိုင်စိစစ်ပြီးမှသာ ရေးသွင်းရမည်-
    • (၁)   မွေးစာရင်းလက်မှတ်၊
    • (၂)    ကျောင်းဝင်မှတ်ပုံတင် ထောက်ခံချက်၊
    • (၃)   တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်။
  • ( ခ )    မွေးဖွားသည့်ခုနှစ်နှင့်လကိုသာသိ၍ မွေးဖွားသည့်ရက်စွဲကိုမသိသည့် ဝန်ထမ်း၏ ကိစ္စတွင် ထိုမွေးဖွားသည့်လ၏ ၁၆ ရက်နေ့ကို မွေးဖွားသည့်ရက်စွဲအဖြစ် မှတ်ယူ ရမည်။
  • ( ဂ )    မွေးဖွားသည့်ခုနှစ်ကိုသာသိ၍ မွေးဖွားသည့်လနှင့်ရက်စွဲကိုမသိသည့် ဝန်ထမ်း၏ ကိစ္စ၌ ထိုမွေးဖွားသည့်နှစ်၏ ဇူလိုင်လ ၁  ရက်နေ့ကို မွေးဖွားသည့်ရက်စွဲအဖြစ် မှတ်ယူရမည်။
  • (ဃ)    မွေးဖွားသည့်ခုနှစ်၊ လ နှင့်နေ့ရက်အတွက် မည်သည့်အထောက်အထားမျှမတင်ပြ နိုင်ပါက ကျန်းမာကြောင်းဆေးလက်မှတ်၌ ဖော်ပြထားသည့် အသက်ကိုအသက်မှန် ဟုမှတ်ယူရမည်။ သို့ရာတွင် ဝန်ထမ်း၏အသက်ပြည့်သည့်နေ့ရက်ကို သတ်မှတ် ရာတွင် ဝန်ထမ်း၏ ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးစစ်သည့်နေ့ရက်ကိုဝန်ထမ်း၏ ဆေးစာပါ ခန့်မှန်းသတ်မှတ်သည့် အသက်ပြည့်သည့်နေ့ရက်အဖြစ် မှတ်ယူရမည်။ သို့ဖြစ်၍ ဝန်ထမ်း၏မွေးနေ့သည် ယင်းဝန်ထမ်းဆေးစစ်သည့်နေ့ရက်မှ ယင်း၏ အသက်ကို နုတ်၍ရရှိသောနေ့ရက်ဖြစ်သည်။

၂၇၉။     ဝန်ထမ်း၏အမှတ်အသားများကို မှတ်တမ်းတင်ခြင်းနှင့်စပ်လျဉ်း၍ –

  • (က)    ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် ဝန်ထမ်းလက်ဝဲလက်ဗွေများကို နှိပ်ယူမှတ်တမ်း တင်ထားရမည်။ လက်ဗွေများကို သီးခြားစာရွက်ပေါ်တွင်နှိပ်ယူ၍ ဝန်ထမ်းမှတ်တမ်း စာအုပ်တွင် ကပ်ထားခြင်းမပြုရ။
  • ( ခ )    ကိုယ်တွင်ထင်ရှားသည့်အမှတ်အသားများကို မှတ်တမ်းရေးသွင်းရန်နေရာ၌ မှဲ့များ၊ အမာရွတ်ဟောင်းများကဲ့သို့သော အမြဲတစေရှိနေပြီး ထူးခြား၍ထင်ရှားသိသာသည့် အမှတ်အသားများ သို့မဟုတ် မြင်လွယ်မှတ်လွယ်သည့် ထူးခြားချက်များကိုသာ ရေးသွင်းရမည်။ အသားအရောင်၊ မျက်နှာအသွင်အပြင်အနေအထားသဲကွဲမှုမရှိသော မှတ်သားချက်များကို ရေးသွင်းခြင်းမပြုရ။

၂၈၀။     အောက်ပါအချက်အလက်များကို သက်ဆိုင်ရာ ရုံးအမိန့်များ၊ လစာတောင်းခံလွှာများ၊ ခွင့်စာရင်းများနှင့်စိစစ်ပြီး ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် နေ့ရက်ကာလအပိုင်းအခြားနှင့်တကွ မှတ်တမ်းတင်ရမည်-

  • (က)    ရာထူးတိုးမြှင့်ခြင်း၊
  • ( ခ )    နှစ်တိုးခွင့်ပြုခြင်း၊
  • ( ဂ )    ပြောင်းရွှေ့ခြင်း၊
  • (ဃ)    ခွင့်ခံစားခြင်း၊
  • ( င )    ဆုချီးမြှင့်ခံရခြင်း၊
  • ( စ )    ဘွဲ့ထူး၊ဂုဏ်ထူးများရရှိခြင်း၊
  • (ဆ)    ပညာရည်တိုးတက်မှုရရှိခြင်း၊
  • ( ဇ )   သင်တန်းထူးချွန်မှုရရှိခြင်း။

၂၈၁။      ဥပဒေပုဒ်မ ၅၃ ပါပြစ်ဒဏ်များချမှတ်ခြင်းနှင့် ဝန်ထမ်းအမှုထမ်းသက် ပြတ်တောက်ခြင်း များအတွက် ရက်စွဲနှင့် ကာလတို့ကိုအသေးစိတ်ဖော်ပြ၍ သက်ဆိုင်ရာအမိန့်စာအမှတ်၊ ရက်စွဲတို့ နှင့်အတူ ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်ထားရမည်။ ပြစ်ဒဏ်ချမှတ်ရသည့် အကြောင်း ရင်းကိုလည်း အကျဉ်းချုပ်ဖော်ပြရမည်။

၂၈၂။      ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် ရေးသွင်းချက်အားလုံးကို ဝန်ထမ်းကိုယ်တိုင်ကြည့်ရှုပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရမည်။ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ယင်းက တာဝန်ပေးအပ်ခြင်းခံရသူက မှန်ကန်ကြောင်း အတည်ပြုလက်မှတ်ရေးထိုးထားရမည်။ ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ယင်းကတာဝန်ပေးအပ်သူသည် ရေးသွင်းရမည့်အချက်များကို တိကျမှန်ကန်စွာ ရေးသွင်းရန်လည်းကောင်း မှန်ကန်ကြောင်းကို လက်မှတ်ရေးထိုး၍ အတည်ပြု ထားရန်လည်းကောင်း၊ ဖျက်ထားခြင်းများ၊  ထပ်၍ရေးခြင်းများမရှိစေရန်လည်းကောင်း ပြင်ဆင် ရေးသွင်းချက်များကို သေသပ်ရှင်းလင်းစွာပြင်ဆင်ရေးသားစေ၍ ယင်းသို့ပြင်ဆင်ခြင်းကို အတည်ပြု လက်မှတ်ရေးထိုးထားရန်လည်းကောင်း တာဝန်ရှိသည်။

my_MMMY