ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ – Mobile

၁၄၃။     (က)    ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း၏ ပင်စင်အကျိုးခံစားမှုအတွက် ထည့်ဝင်ကြေးများကို ဝန်ထမ်းအားခေါ်ယူခန့်ထားသည့်အဖွဲ့အစည်းက နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေသို့ သတ်မှတ်ချက်အတိုင်းပေးသွင်းရမည်။

( ခ )    နည်းဥပဒေခွဲ(က)ပါ ပင်စင်ထည့်ဝင်ကြေးများကို ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင် ရန်အတွက် ဝန်ထမ်းခေါ်ယူခန့်ထားသည့်အဖွဲ့အစည်းက ပေးသွင်းခြင်းမပြုပါက ဝန်ထမ်းကိုယ်တိုင် မပျက်မကွက်ပေးသွင်းရမည်။

၁၄၄။     ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်သည့်ကာလအတွင်း ပြည်ထောင်စုအစိုးရက သတ်မှတ် ထားသည့် ပင်စင်ထည့်ဝင်ကြေးနှုန်းများကို ဇယား(၃)အတိုင်း ထည့်သွင်းပေးရမည်။ ပြင်ပဝန်ထမ်း တာဝန်ထမ်းဆောင်ခြင်းအတွက် ပေးသွင်းရမည့် ပင်စင်ထည့်ဝင်ကြေးများကို ပင်စင်ဦးစီးဌာနက တာဝန်ယူတွက်ချက်ပေးပြီး ပေးသွင်းရမည့် ငွေစာရင်းခေါင်းစဉ်ကိုလည်း တစ်ပါတည်းသတ်မှတ် ပေးရမည်။

၁၄၅။     ပြင်ပဝန်ထမ်းတာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းသည် သက်ဆိုင်ရာ ပင်စင် ထည့်ဝင်ကြေးများကို ပေးဆောင်ရမည့်အပြင် ယင်းကာလကို မိခင်ဝန်ထမ်းအဖွဲ့အစည်း၌ အမှုထမ်းသက်ရေတွက်ခွင့်နှင့် ယင်းကာလအတွင်း၌ ရာထူးအနွယ်ပိုင်ဆိုင်ခွင့် ရှိစေရမည်။

၁၄၆။     ဝန်ထမ်းသည်လည်းကောင်း၊ ပြင်ပအဖွဲ့အစည်းသည်လည်းကောင်း ဝန်ထမ်းအတွက် ပေးသွင်းပြီးသည့် ပင်စင်ထည့်ဝင်ကြေးများကို ပြန်လည်တောင်းခံခွင့်မရှိစေရ။

၁၄၇။     ပြင်ပဝန်ထမ်းစည်ကမ်းချက်များဖြင့် တာဝန်ထမ်းဆောင်သည့်ကိစ္စများတွင် ပေးဆောင် ရမည့် ထည့်ဝင်ကြေးနှုန်းထား တွက်ချက်အတည်ပြုခြင်းနှင့် ပေးသွင်းရမည့် ငွေစာရင်းခေါင်းစဉ် သတ်မှတ်ခြင်းအတွက် ပင်စင်ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

အခန်း (၁၁)

ပြည်ပသို့ဖြစ်စေ၊  ပြည်တွင်း၌ဖြစ်စေ  တာဝန်ဖြင့်စေလွှတ်ခြင်းနှင့်  ပညာလေ့လာဆည်းပူးစေခြင်း

 

၁၄၈။     ဝန်ထမ်းတစ်ဦးကို ရာထူးအလျောက် တာဝန်များထမ်းဆောင်ရန်ဖြစ်စေ၊ အထူးတာဝန် တစ်ရပ်ရပ်ကိုထမ်းဆောင်ရန်ဖြစ်စေ၊ ပညာလေ့လာဆည်းပူးရန်ဖြစ်စေ ပြည်ပသို့စေလွှတ်နိုင်သည်။

၁၄၉။ ပြည်ပသို့တာဝန်ဖြင့်သွားရောက်သည့်ကာလနှင့်ပညာသင်ကြားသည့်ကာလကိုသတ်မှတ်ရာတွင် ယင်းဝန်ထမ်း မြန်မာနိုင်ငံမှထွက်ခွာသည့်နေ့ရက်ကို ပြည်ပသို့တာဝန်ဖြင့် သွားရောက်သည့် ကာလ စသည်ဟုမှတ်ယူရမည်။ ယင်းဝန်ထမ်း မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိသည့်နေ့ရက်ကို ပြည်ပသို့ တာဝန်ဖြင့်သွားရောက်သည့်ကာလပြီးဆုံးသည်ဟု မှတ်ယူရမည်။

၁၅၀။    ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ပညာဆက်လက်သင်ကြားရန် သို့မဟုတ် လုပ်ငန်း ဆိုင်ရာ လေ့ကျင့်မှုများရယူရန် ရွေးချယ်စေလွှတ်ခြင်းခံရသောဝန်ထမ်း၏ ပညာသင်ကာလတစ်ခု လုံးကို အချိန်ပြည့်တာဝန်ထမ်းဆောင်နေသည့်ကာလအဖြစ် သတ်မှတ်ရမည်။ ထို့အပြင်ပညာသင် ကာလကို အကန့်အသတ်မထားဘဲ ထိုကာလတစ်လျှောက်လုံးတွင် (နှစ်တိုးအပါအဝင်)လစာအပြည့် ခွင့်ပြုရမည်။

၁၅၁။     ပြည်ပသို့တာဝန်ဖြင့် သွားရောက်နေသည့်ကာလအတွက်လစာကို ပြည်ပသို့မသွားရောက်မီက ခံစားရရှိနေသည့်နှုန်းအတိုင်း ပြည်တွင်း၌ ကျပ်ငွေဖြင့်ခံစားခွင့်ရှိသည်။ ပြည်ပ၌ရှိစဉ် ပြည်တွင်းတွင် ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရပါက ယင်းသို့ တိုးမြှင့်ခန့်ထားသည့်ရာထူးလစာကို တိုးမြှင့်ခန့်ထား သည့် နေ့ရက်မှစ၍ ခံစားခွင့်ရှိသည်။

အခန်း (၁၂)

ဒေသစရိတ်ခံစားခွင့်ပြုခြင်း

၁၅၂။     ဒေသစရိတ်ခံစားခွင့်ရှိသည့် မြို့နယ်အသီးသီးအတွက် လက်ရှိ လူမှုရေးခက်ခဲမှုအခြေအနေ များနှင့်စပ်လျဉ်း၍ –

(က)    အောက်ပါမြိုနယ်များနှင့် ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်သည့် မြို့နယ်များကို ဒေသစရိတ်ခံစားခွင့်ရှိသည့် လူမှုရေး ခက်ခဲသောမြို့နယ်များအဖြစ် သတ်မှတ်သည် –

ကချင်ပြည်နယ်

  • (၁)      အင်ဂျန်းယန်မြို့နယ်၊
  • (၂)      ဆော့လော်မြို့နယ်၊
  • (၃)      ဆွမ်ပရာဘွမ်မြို့နယ်၊
  • (၄)      ခေါင်လန်ဖူးမြို့နယ်၊
  • (၅)     နောင်မွန်းမြို့နယ်၊
  • (၆)     ပန်နန်းဒင်မြို့နယ်၊
  • (၇)     တနိုင်းမြို့နယ်၊
  • (၈)     ရှင်ဗွေယန်မြို့နယ်၊
  • (၉)     ချီဗွေမြို့နယ်၊
  • (၁၀)   ပန်ဝါမြို့နယ်၊
  • (၁၁)   မချမ်းဘောမြို့နယ်၊
  • (၁၂)    ပူတာအိုမြို့နယ်၊
  • (၁၃)   မန်စီမြို့နယ်၊
  • (၁၄)   ဆင်ဘိုမြို့နယ်၊
  • (၁၅)   မြို့လှမြို့နယ်၊
  • (၁၆)   ဒေါ့ဖုန်းယန်မြို့နယ်၊
  • (၁၇)   ကန်ပိုက်တီးမြို့နယ်၊
  • (၁၈)   လွယ်ဂျယ်မြို့နယ်၊
  • (၁၉)   ဆဒုံးမြို့နယ်။

ကယားပြည်နယ်

  • (၁)      ရှားတောမြို့နယ်၊
  • (၂)      မယ်စဲ့မြို့နယ်၊
  • (၃)      ဖားဆောင်းမြို့နယ်၊
  • (၄)      ဘော်လခဲမြို့နယ်၊
  • (၅)     ရွာသစ်မြို့နယ်၊
  • (၆)     ဒီမောဆိုးမြို့နယ်၊
  • (၇)     ဖရူဆိုမြို့နယ်။

ကရင်ပြည်နယ်

  • (၁)      ဖာပွန်မြို့နယ်၊
  • (၂)      သံတောင်ကြီးမြို့နယ်၊
  • (၃)      ဘောဂလိမြို့နယ်၊
  • (၄)      လိပ်သိုမြို့နယ်၊
  • (၅)     ကြာအင်းဆိပ်ကြီးမြို့နယ်၊
  • (၆)     ဘုရားသုံးဆူမြို့နယ်၊
  • (၇)     ကျိုက်ဒုံမြို့နယ်၊
  • (၈)     ရှမ်းရွာသစ်မြို့နယ်၊
  • (၉)     စုကလိမြို့နယ်၊
  • (၁၀)   ဝေါလေမြိုင်မြို့နယ်၊
  • (၁၁)   ကမမောင်းမြို့နယ်၊
  • (၁၂)    ပိုင်ကျုံမြို့နယ်။

ချင်းပြည်နယ်

  • (၁)      တွန်းဇံမြို့နယ်၊
  • (၂)      ကျီခါးမြို့နယ်၊
  • (၃)      ထန်တလန်မြို့နယ်၊
  • (၄)      မတူပီမြို့နယ်၊
  • (၅)     ရေဇွာမြို့နယ်၊
  • (၆)     ဖလမ်းမြို့နယ်၊
  • (၇)     ရိခေါရ်ဒါရ်မြို့နယ်၊
  • (၈)     ဟားခါးမြို့နယ်၊
  • (၉)     တီးတိန်မြို့နယ်၊
  • (၁၀)   မင်းတပ်မြို့နယ်၊
  • (၁၁)   ပလက်ဝမြို့နယ်၊
  • (၁၂)    ကန်ပက်လက်မြို့နယ်။

စစ်ကိုင်းတိုင်းဒေသကြီး

  • (၁)      လေရှီးမြို့နယ်၊
  • (၂)      မိုပိုင်းလွတ်မြို့နယ်၊
  • (၃)      လဟယ်မြို့နယ်၊
  • (၄)      ထန်ပါခွေမြို့နယ်၊
  • (၅)     နန်းယွန်းမြို့နယ်၊
  • (၆)     ဒုံဟီးမြို့နယ်၊
  • (၇)     ပန်ဆောင်မြို့နယ်၊
  • (၈)     ပင်လယ်ဘူးမြို့နယ်၊
  • (၉)     ဖောင်းပြင်မြို့နယ်၊
  • (၁၀)   ဟုမ္မလင်းမြို့နယ်၊
  • (၁၁)   ခန္တီးမြို့နယ်၊
  • (၁၂)    ဗန်းမောက်မြို့နယ်၊
  • (၁၃)   မြို့သစ်မြို့နယ်။

တနင်္သာရီတိုင်းဒေသကြီး

  • (၁)      ကျွန်းစုမြို့နယ်၊
  • (၂)      ဘုတ်ပြင်းမြို့နယ်၊
  • (၃)      ပြည်ကြီးမဏ္ဍိုင်မြို့နယ်၊
  • (၄)      ကရသူရိမြို့နယ်။

ရခိုင်ပြည်နယ်

  • (၁)      မာန်အောင်မြို့နယ်၊
  • (၂)      မောင်တောမြို့နယ်၊
  • (၃)      တောင်ပြိုလက်ဝဲမြို့နယ်၊
  • (၄)      ဘူးသီးတောင်မြို့နယ်။

ရန်ကုန်တိုင်းဒေသကြီး

  • (၁)      ကိုကိုးကျွန်းမြို့နယ်။

 

ရှမ်းပြည်နယ်

  • (၁)      မက်မန်းမြို့နယ်၊
  • (၂)      ပန်ဆန်းမြို့နယ်၊
  • (၃)      မန်ကန်မြို့နယ်၊
  • (၄)      နားဖန်းမြို့နယ်၊
  • (၅)     ပန်ဝိုင်မြို့နယ်၊
  • (၆)     မိုင်းမောမြို့နယ်၊
  • (၇)     လင်းခေးမြို့နယ်၊
  • (၈)     ဟိုမိန်းမြို့နယ်၊
  • (၉)     မောက်မယ်မြို့နယ်၊
  • (၁၀)   မိုင်းပန်မြို့နယ်၊
  • (၁၁)   မိုင်းယန်းမြို့နယ်၊
  • (၁၂)    မိုင်းပေါက်မြို့နယ်၊
  • (၁၃)   မိုင်းလားမြို့နယ်၊
  • (၁၄)   မိုင်းဆတ်မြို့နယ်၊
  • (၁၅)   မိုင်းခုတ်မြို့နယ်၊
  • (၁၆)   မိုင်းတုံမြို့နယ်၊
  • (၁၇)   မုံးထမြို့နယ်၊
  • (၁၈)   ပုံပါကျင်မြို့နယ်၊
  • (၁၉)   မဘိမ်းမြို့နယ်၊
  • (၂၀)    မန်တုံမြို့နယ်၊
  • (၂၁)    ကုန်းကြမ်းမြို့နယ်၊
  • (၂၂)     မော်ထိုက်မြို့နယ်၊
  • (၂၃)    ကျေးသီးမြို့နယ်၊
  • (၂၄)    မိုင်းနောင်မြို့နယ်၊
  • (၂၅)    မိုင်းကိုင်မြို့နယ်၊
  • (၂၆)    မိုင်းခတ်မြို့နယ်၊
  • (၂၇)    မိုင်းရှူးမြို့နယ်၊
  • (၂၈)    မိုင်းစံမြို့နယ်၊
  • (၂၉)    မိုးမိတ်မြို့နယ်၊
  • (၃၀)   မိုင်းယောင်းမြို့နယ်၊
  • (၃၁)   ကျိုင်းတောင်းမြို့နယ်၊
  • (၃၂)    မိုင်းယုမြို့နယ်၊
  • (၃၃)   ပန်လုံမြို့နယ်၊
  • (၃၄)   မုန်းကိုးမြို့နယ်။

မကွေးတိုင်းဒေသကြီး

  • (၁)      ဂန့်ဂေါမြို့နယ်၊
  • (၂)      ထီးလင်းမြို့နယ်၊
  • (၃)      ဆောမြို့နယ်၊
  • (၄)      ကျောက်ထုမြို့နယ်။

( ခ )    နည်းဥပဒေခွဲ(က)အရ သတ်မှတ်သော လူမှုရေးခက်ခဲသည့်မြို့နယ်များတွင် တာဝန် ထမ်းဆောင်ကြသည့် ဝန်ထမ်းများအတွက် လက်ရှိလစဉ်ထုတ်ယူရရှိသော လစာနှင့် ညီမျှသည့် ငွေကို ဒေသစရိတ်အဖြစ် သတ်မှတ်ခံစားခွင့်ပြုသည်။

my_MMMY