ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ – Mobile

၄။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၊ နည်းဥပဒေခွဲ (က)၊ နည်းဥပဒေခွဲငယ်(၁) နှင့် နည်းဥပဒေ ၂၁၇ တို့တွင်ပါရှိသော “အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန” ဆိုသည့်စကားရပ်ကို “အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၅။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၁၊ နည်းဥပဒေခွဲ(ခ)နှင့် နည်းဥပဒေ ၂၂၊ နည်းဥပဒေခွဲ (က) တို့တွင်ပါရှိသော “နည်းဥပဒေ ၂၀၊ နည်းဥပဒေခွဲ (ဃ)” ဆိုသည့် စကားရပ်ကို “နည်းဥပဒေ ၂၀၊ နည်းဥပဒေခွဲ(င)” ဆိုသည့်စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၆။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၇၊ နည်းဥပဒေခွဲ (က)တွင်ပါရှိသော “ဝန်ကြီး ဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး” ဆိုသည့်စကားရပ်နှင့် နည်းဥပဒေ ၁၈၊ နည်းဥပဒေ ၂၈၊ နည်း ဥပဒေခွဲ (စ)၊ နည်းဥပဒေ ၆၂ ၊ နည်းဥပဒေခွဲ (ခ) နှင့် (ဂ)၊ နည်းဥပဒေ ၆၃ နှင့် နည်းဥပဒေ ၁၅၉ တို့တွင်ပါရှိသော “ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး” ဆိုသည့်စကားရပ်များကို “ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း ၊ နည်းဥပဒေ၂၁၀၊ နည်းဥပဒေခွဲ (ဇ)၊ နည်းဥပဒေခွဲငယ် (၂) တွင်ပါရှိသော “ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူး” ဆိုသည့်စကားရပ်ကို“ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ နည်းဥပဒေ ၂၂၂၊ နည်းဥပဒေခွဲ (ခ)တွင် ပါရှိသော “ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးများ” ဆိုသည့်စကားရပ်ကို “ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများ” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။

၇။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၅ တွင် –

  • (က) နည်းဥပဒေခွဲ (ခ) ကို အောက်ပါအတိုင်းအစားထိုးရမည် –
    “ ( ခ ) ရာထူးအဆင့်၏ လုပ်ငန်းသဘာဝအလိုက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်း သို့မဟုတ် ရေးဖြေစာမေးပွဲနှင့် လက်တွေ့လုပ်ငန်းကျွမ်းကျင်မှုနှစ်ရပ်လုံးဖြင့် စစ်ဆေးခြင်း တို့ကို ပြုလုပ်၍ လူတွေ့စစ်ဆေးပြီး အရည်အချင်းအကဲဖြတ်အမှတ်ပေးခြင်း တို့ကို ပြုလုပ်ရမည်။”
  • ( ခ ) နည်းဥပဒေခွဲ (စ) ကို အောက်ပါအတိုင်းအစားထိုးရမည် –
    “ ( စ ) အကဲဖြတ်မှတ်တမ်းရေးရာတွင် ပုံစံ (၁၆) ပါအတိုင်း ဝန်ထမ်းအား အနီးကပ် တာဝန်ယူကြီးကြပ်ကွပ်ကဲသည့် အရာထမ်းက ကနဦးမှတ်တမ်းရေး၍ အထက် အဆင့်အလိုက် တာဝန်ယူကြီးကြပ်သည့် အရာထမ်းများက ထပ်ဆင့်မှတ်တမ်း ရေးပြီး ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ တာဝန်လွှဲအပ်ခြင်းခံရသူက အပြီးသတ်ထပ်ဆင့်ရေး၍ အတည်ပြုလက်မှတ်ရေးထိုးရမည်။”
  • ( ဂ ) နည်းဥပဒေခွဲ (ဇ)၊ နည်းဥပဒေခွဲငယ် (၃) ကို အောက်ပါအတိုင်းအစားထိုးရမည် –
    “ ( ဇ ) အကဲဖြတ်အမှတ်ပေးရာတွင် –
    (၃) သာမန်အောက်နှင့် ထူးချွန်အဆင့်များအတွက် ပုံစံ(၁၆)ပါ အကဲဖြတ် မှတ်တမ်းတွင် အကျိုးအကြောင်းကို အကျဉ်းချုပ်ဖော်ပြရမည်။”

၈။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၇၊ နည်းဥပဒေခွဲ (င) တွင်ပါရှိသော “ ပြည်ထောင်စု အစိုးရအဖွဲ့၏” ဆိုသည့်စကားရပ်ကို ပယ်ဖျက်ရမည်။

၉။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၉ တွင်ပါရှိသော“တန်းစီဇယားရေးဆွဲရမည်။” ဆိုသည့်စကားရပ်ကို “တန်းစီဇယားကို ပုံစံ (၁၇)ပါအတိုင်းရေးဆွဲရမည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၀။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၀ တွင်ပါရှိသော “တန်းစီဇယားရေးဆွဲ ရမည်။” ဆိုသည့် စကားရပ်ကို “တန်းစီဇယားကို ပုံစံ (၁၈ )ပါအတိုင်းရေးဆွဲရမည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၁။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၁ တွင်ပါရှိသော “စစ်ဆေးမှုခံရသည့်ဝန်ထမ်း များ” ဆိုသည့် စကားရပ်ရှေ့တွင် “စုံစမ်း” ဆိုသည့်စကားရပ်ကို ဖြည့်စွက်ရမည်။

၁၂။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၄ တွင်ပါရှိသော “တန်းစီဇယားသက်တမ်းကုန်မှ ပြစ်ဒဏ်လွတ်မြောက်ပါက အရည်အချင်းစစ်ဆေးခြင်းကို ထပ်မံဖြေဆိုစေရမည်။” ဆိုသည့်စကားရပ်ကို “တန်းစီဇယားသက်တမ်းကုန်ချိန်တွင် ပြစ်ဒဏ်မလွတ်မြောက်သေးပါက အရည်အချင်းစစ်ဆေးခြင်းကို ထပ်မံဖြေဆိုရမည်။” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၆ တွင် –

  • (က) နည်းဥပဒေခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည် –
    “( ခ )ကိုယ်ရေးမှတ်တမ်း၊ လုပ်သက်ရမှတ်နှင့် အကဲဖြတ်ရမှတ်တို့ဖြင့် ပုံစံ(၁၈) ပါ အတိုင်း တန်းစီဇယားရေးဆွဲပြီး စိစစ်ရွေးချယ်ရမည်။”
  • ( ခ ) နည်းဥပဒေခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည် –
    “ ( ဂ ) ချိန်နှုန်းလစာ (၁၆၀၀၀ဝိ-၂၀၀ဝိ-၁၇၀၀၀ဝိ) အဆင့်မှ (၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ) အဆင့်သို့ ရာထူးတိုးမြှင့်ရန်အတွက် အကဲဖြတ်ခြင်းကို သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်း၏ ချိန်နှုန်းလစာ (၂၀၀၀၀ဝိ- ၂၀၀ဝိ-၂၁၀၀၀ဝိ) အဆင့် အရာရှိက ပုံစံ(၁၉)ပါအတိုင်း ကနဦးမှတ်တမ်းရေး၍ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးက ထပ်ဆင့်မှတ်တမ်းရေးပြီး ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း အကြီး အမှူးက အပြီးသတ်မှတ်တမ်းရေး၍ အတည်ပြုလက်မှတ်ရေးထိုးရမည်။”
  • ( ဂ ) နည်းဥပဒေခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုးရမည် –
    “ (ဃ) ဖွဲ့စည်းပုံအရ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းတွင် ချိန်နှုန်းလစာ (၂၀ဝဝဝဝိ-၂ဝဝဝိ-၂၁ဝဝဝဝိ)အဆင့် အရာရှိမရှိပါက စီမံခန့်ခွဲရေးဌာနကို တာဝန်ယူရသော ချိန်နှုန်းလစာ(၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) အဆင့်အရာရှိက ဦးဆောင်၍ အခြားရာထူး အဆင့်တူ အရာရှိများ ပါဝင်သော အဖွဲ့က ပုံစံ (၁၉)ပါအတိုင်း ကနဦးအကဲဖြတ် မှတ်တမ်းရေးပြီး ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးက ထပ်ဆင့်မှတ်တမ်းရေး ရမည်။”
  • (ဃ) နည်းဥပဒေခွဲ (င) ကို အောက်ပါအတိုင်း အစားထိုးရမည် –
    “ (င) ချိန်နှုန်းလစာ(၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ)အဆင့်မှ(၂၀ဝဝဝဝိ-၂ဝဝဝိ-၂၁ဝဝဝဝိ) အဆင့်ထိ ရာထူးတိုးမြှင့်ရန်အတွက် အကဲဖြတ်ခြင်းကို ပုံစံ(၁၉)ပါအတိုင်း ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ကနဦးမှတ်တမ်းရေး၍ ယင်း၏အထက် အဆင့် အကြီးအမှူးက ထပ်ဆင့်မှတ်တမ်းရေးပြီး ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း အကြီးအမှူးက အပြီးသတ်မှတ်တမ်းရေး၍ အတည်ပြုလက်မှတ်ရေးထိုးရမည်။”
my_MMMY