ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ – Mobile

18. Rule 152 of the Civil Service Personnel Rules shall be substituted as follows:
“ 152 (a) Either the Union Government, or an authorized government department or government organization assigned by the Union Government may, with the approval of the Union Government, designate the townships where regional allowance shall be granted and amend it from time to time.
(b) Civil service personnel who perform duties in the townships designated under sub-rule (a) shall be entitled to the regional allowance at the rate specified by the Ministry of Planning and Finance from time to time.

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ် ၈၀ /၂၀၂၀
၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၄ ရက်)

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါ နည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

၁။ ဤနည်းဥပဒေများကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို တတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ ဟုခေါ်တွင်စေရမည်။

၂။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂ ပါ “နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်းမှ” ဆိုသည့် စကားရပ်ကို “နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ (င)ကို အောက်ပါအတိုင်း အစားထိုးရမည် –

“၄။ (င) ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက ကျန်းမာကြောင်းဆေးလက်မှတ်နှင့် သက်ဆိုင်ရာ မြို့နယ်ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာမူရင်းတို့ကို တင်ပြ နိုင်သူဖြစ်ရမည်။ မီးဖွားပြီး ရက်သတ္တပတ် ဆယ့်နှစ်ပတ်ပြည့်သည့်အခါမှသာ ခန့်ထားမည်ဖြစ်ကြောင်း အသိပေး၍ ကိုယ်ဝန်ရှိသူများကို ရွေးချယ်ထား နိုင်သည်။”

၄။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ဂ) နှင့် နည်းဥပဒေခွဲ (င) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် –

“၁၅။( ဂ ) ကျွမ်းကျင်ဝန်ထမ်းအဆင့်(၁)၊ အဆင့်(၂) နှင့် အဆင့် (၄)၊
( င ) စီမံခန့်ခွဲရေးဝန်ထမ်း (စီးပွားရေး) အဆင့် (၁) နှင့် အဆင့် (၂)။”

my_MMMY