ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

ချိန်နှုန်းလစာ (၁၆၀ဝ၀ဝိ-၂၀ဝ၀ိ-၁၇၀ဝ၀ဝိ) အဆင့်မှ ချိန်နှုန်းလစာ (၁၈၀ဝ၀ဝိ- ၂၀ဝ၀ိ-၁၉၀ဝ၀ဝိ) အဆင့်သို့ ယင်းမှချိန်နှုန်းလစာ (၂၀ဝ၀ဝ၀ိ-၂၀ဝ၀ိ-၂၁၀ဝ၀ဝိ) အဆင့်သို့ ရာထူးတိုးမြှင့်ရေးကိစ္စများ

ချိန်နှုန်းလစာ (၁၆၀ဝ၀ဝိ-၂၀ဝ၀ိ-၁၇၀ဝ၀ဝိ) အဆင့်မှ ချိန်နှုန်းလစာ (၁၈၀ဝ၀ဝိ- ၂၀ဝ၀ိ-၁၉၀ဝ၀ဝိ) အဆင့်သို့ ယင်းမှချိန်နှုန်းလစာ (၂၀ဝ၀ဝ၀ိ-၂၀ဝ၀ိ-၂၁၀ဝ၀ဝိ) အဆင့်သို့ ရာထူးတိုးမြှင့်ရေးကိစ္စများ

၄၆။ နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်သော ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ရာထူးမှ တစ်ပါး လစာနှုန်း( ၁၆၀ဝ၀ဝိ-၂၀ဝ၀ိ-၁၇၀ဝ၀ဝိ) ရာထူးမှ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးရာထူး၏အောက် တစ်ဆင့်နိမ့်ရာထူးအဆင့်အထိ ရာထူးတိုးမြှင့်ခန့်ထားရန်ကိစ္စများတွင် ဝန်ထမ်းအဖွဲ့အစည်းအသီးသီးနှင့် သက်ဆိုင်သည့်ရာထူးများအတွက် –

  • (က) ရာထူးတိုးမြှင့်ရေး အရည်အချင်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်ရမည်။
  • (ခ)  ကိုယ်ရေးမှတ်တမ်း၊ လုပ်သက်ရမှတ်နှင့် အကဲဖြတ်ရမှတ်တို့ဖြင့် ပုံစံ (၁၈) ပါအတိုင်း တန်းစီဇယားရေးဆွဲပြီး စိစစ်ရွေးချယ်ရမည်။*၉-၆-၂၀၁၇ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။
  • (ဂ)ချိန်နှုန်းလစာ (၁၆ဝဝဝဝိ-၂ဝဝဝိ-၁၇ဝဝဝဝိ) အဆင့်မှ (၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) အဆင့်သို့ရာထူးတိုးမြှင့်ရန်အတွက် အကဲဖြတ်ခြင်းကို သက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်း၏ ချိန်နှုန်းလစာ (၂၀ဝဝဝဝိ-၂ဝဝဝိ-၂၁ဝဝဝဝိ) အဆင့်အရာရှိက ပုံစံ (၁၉)ပါအတိုင်း ကနဦးမှတ်တမ်းရေး၍ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ထပ်ဆင့်မှတ်တမ်းရေးပြီး ၀န်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူးက အပြီးသတ်မှတ်တမ်းရေး၍ အတည်ပြု လက်မှတ်ရေးထိုးရမည်။*၉-၆-၂၀၁၇ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။
  • (ဃ) ဖွဲ့စည်းပုံအရ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းတွင် ချိန်နှုန်းလစာ (၂၀ဝဝဝဝိ- ၂ဝဝဝိ-၂၁ဝဝဝဝိ) အဆင့်အရာရှိ မရှိပါက စီမံခန့်ခွဲရေးဌာနကို တာဝန်ယူရသော ချိန်နှုန်းလစာ (၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) အဆင့် အရာရှိကဦးဆောင်၍ အခြားရာထူး အဆင့်တူ အရာရှိများပါဝင်သောအဖွဲ့က ပုံစံ (၁၉) ပါအတိုင်း ကနဦးအကဲဖြတ်မှတ်တမ်းရေးပြီး ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူးက ထပ်ဆင့်မှတ်တမ်းရေးရမည်။*၉-၆-၂၀၁၇ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။
  • (င) ချိန်နှုန်းလစာ (၁၈ဝဝဝဝိ-၂ဝဝဝိ-၁၉ဝဝဝဝိ) အဆင့်မှ (၂၀ဝဝဝဝိ-၂ဝဝဝိ-၂၁ဝဝဝဝိ) အဆင့်ထိ ရာထူးတိုးမြှင့်ရန်အတွက် အကဲဖြတ်ခြင်းကို ပုံစံ (၁၉) ပါအတိုင်း ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးက ကနဦး မှတ်တမ်းရေး၍ ယင်း၏အထက်အဆင့်အကြီးအမှူးက ထပ်ဆင့် မှတ်တမ်းရေးပြီး ၀န်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးက အပြီးသတ်မှတ်တမ်းရေး၍ အတည်ပြုလက်မှတ်ရေးထိုးရမည်။*၉-၆-၂၀၁၇ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။

၄၇။ နည်းဥပဒေ ၄၆ ပါ ရာထူးများအတွက် အကဲဖြတ်မှတ်တမ်းရေးရာတွင် အောက်ပါ အရည်အချင်းများအလိုက် သတ်မှတ်ထားသောအမှတ်များပေးရမည်-

  • (က) ခေါင်းဆောင်မှုပေးနိုင်ခြင်း      ၂၀ မှတ်
  • ( ခ ) ယုံကြည်စိတ်ချရခြင်း       ၂၀ မှတ်
  • ( ဂ ) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း      ၂၀ မှတ်
  • (ဃ) တာဝန်ကို လိုလားစွာထမ်းဆောင်ခြင်း    ၂၀ မှတ်
  • ( င ) ဆက်ဆံရေးပြေပြစ်ခြင်း     ၂၀ မှတ်
  • ( စ ) အကဲဖြတ်အမှတ်ပေးရာတွင် –
    • (၁) သာမန်အောက်၊ သာမန်၊ သာမန်အထက်၊ ထူးချွန်အဆင့်လေးဆင့်ခွဲခြားဖော်ပြရမည်။
    • (၂) သာမန်အောက်အဆင့်အတွက် ၇ မှတ်အထိ၊ သာမန်အဆင့်အတွက်၈ မှတ်မှ ၁၀ မှတ်အထိ၊ သာမန်အထက်အဆင့်အတွက် ၁၁ မှတ်မှ၁၅ မှတ်အထိ၊ ထူးချွန်အဆင့်အတွက် ၁၆ မှတ်မှ ၂၀ မှတ်ထိ ပေးရမည်။
    • (၃) သာမန်အောက်နှင့် ထူးချွန်အဆင့်များအတွက် ပုံစံ (၁၉)ပါ အကဲဖြတ်မှတ်တမ်းတွင် အကျိုးအကြောင်းကို အကျဉ်းချုပ်ဖော်ပြရမည်။ *၉-၆-၂၀၁၇ ရက်နေ့တွင် ပထမအကြိမ်ပြင်ဆင်သည်။
    • (၄) ရာထူးတိုးမြှင့်ပေးမည့်ဝန်ထမ်းအတွက် ကိုယ်ရေးမှတ်တမ်းဖြည့်စွက်ရန် ပုံစံကို ပုံစံ (၂) ဖြင့် ဖော်ပြထားပါသည်။
my_MMMY