အရည်အချင်းစစ်ဆေးခြင်း
၂၉။ ဝန်ထမ်း၏ အရည်အချင်းကိုစစ်ဆေးရာ၌ အောက်ပါနည်းလမ်းများအနက် တိုးမြှင့် ခန့်ထားမည့် ရာထူးအဆင့်၏ လုပ်ငန်းသဘာဝနှင့် လျော်ညီသည့် နည်းလမ်းများကို အသုံးပြုရမည်-
- (က) စစ်ဆေးခြင်း-
- (၁) ရေးဖြေစာမေးပွဲစစ်ဆေးခြင်း၊
- (၂) လက်တွေ့လုပ်ငန်းကျွမ်းကျင်မှုစစ်ဆေးခြင်း၊
- (၃) ရေးဖြေစာမေးပွဲနှင့်လက်တွေ့လုပ်ငန်းကျွမ်းကျင်မှု နှစ်ရပ်စလုံးဖြင့် စစ်ဆေးခြင်း။
- ( ခ ) အကဲဖြတ်အမှတ်ပေးခြင်း၊
- ( ဂ ) လူတွေ့စစ်ဆေးခြင်း။
- (ဃ) စိတ်အခြေအနေစစ်ဆေးခြင်း (ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးသို့ တိုးမြှင့်ခန့်ထားမည့် ဝန်ထမ်းများအတွက်သာ)။*****၃၀-၁-၂၀၂၃ ရက်နေ့တွင် ပဥ္စမအကြိမ်ပြင်ဆင်သည်။