ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (မူလပြဋ္ဌာန်းချက်)

မီးဖွားခွင့်

၁၀၁။     အမျိုးသမီးဝန်ထမ်းများအနေဖြင့် မီးဖွားခွင့်ကို –

  • (က)    ခွင့်စတင်ခံစားသည့် နေ့ရက်မှစ၍  ခြောက်လ ခံစားခွင့်ရှိသည်။
  • ( ခ )    အခြားခွင့်များနှင့်ဆက်စပ်၍  ခွင့်မပြုရ။
  • ( ဂ )    ဆေးလက်မှတ်အထောက်အထားဖြင့် တောင်းခံပါက အခြားခွင့်များကို မီးဖွားခွင့်၏ နောက်မှဆက်၍ခွင့်ပြုနိုင်သည်။
  • (ဃ)    ကိုယ်ဝန်ဆောင်နေသည့်ကာလအတွင်း သန္ဓေပျက်ကျသည့် အခြေအနေမျိုးတွင် ဆေးလက်မှတ်အထောက်အထားဖြင့် ခြောက်ပတ်ထက်မပိုသည့် မီးဖွားခွင့်ကို ခွင့်ပြုရမည်။
  • ( င )    သန္ဓေပျက်ရန် စိုးရိမ်ဖွယ်ရာရှိသော အခြေအနေမျိုးအတွက် မီးဖွားခွင့်မပေးရ။ အခြားသင့်လျော်ရာ ခွင့်သာ ခွင့်ပြုရမည်။
  • ( စ )    ကိုယ်ဝန်အဆိပ်တက်ခြင်းတွင် မီးဖွားခွင့်ကိုမထိခိုက်စေဘဲ ဆေးလက်မှတ်ဖြင့်  ခြောက်ပတ်ထက်မပိုသော သင့်လျော်သည့် ခွင့်ပေးရမည်။
  • (ဆ)    အမွှာပူး သို့မဟုတ် ယင်းထက်ပို၍ မွေးဖွားပါက သာမန်မီးဖွားခွင့်ကုန်ဆုံးရက်၏ နောက်ရက်မှစပြီး ကလေးများပြုစုစောင့်ရှောက်နိုင်ရန် ရက်သတ္တပတ်   ခြောက်ပတ် တိုး၍ မီးဖွားခွင့်အဖြစ် ခွင့်ပြုရမည်။
  • ( ဇ )   မီးဖွားသူ ဝန်ထမ်းအမျိုးသမီး၏ခင်ပွန်းသည်လည်း ဝန်ထမ်းဖြစ်ခဲ့သော် မွေးကင်းစ ကလေးများအား ပြုစုစောင့်ရှောက်ရန် ခင်ပွန်းဖြစ်သူကို ကလေးပြုစုစောင့်ရှောက် ခွင့် ရက်သတ္တပတ်နှစ်ပတ်ခွင့်ပြုရမည်။ လစာနှုန်းပြည့်ခံစားခွင့်ပြုပြီး တာဝန်ချိန် အဖြစ် သတ်မှတ်ပေးရမည်။

အထူးမသန်စွမ်းခွင့်

၁၀၃။     တာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ၊ တာဝန်ထမ်းဆောင်ခြင်းကို အကြောင်းပြု၍ဖြစ်စေ၊ ရာထူးတာဝန်ကို အကြောင်းပြု၍ဖြစ်စေ၊ တစ်စုံတစ်ယောက်၏ တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ ထိခိုက် ဒဏ်ရာရသဖြင့်  ယာယီမသန်စွမ်းဖြစ်သည့်  ဝန်ထမ်းကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်း  အကြီးအမှူးက အထူးမသန်စွမ်းခွင့်ကို ခွင့်ပြုနိုင်သည်။ ယင်းသို့ ခွင့်ပြုရာတွင် –

  • (က)    မသန်စွမ်းဖြစ်မှုသည် ထိခိုက်ဒဏ်ရာရသည့်အချိန်မှစ၍ သုံးလအတွင်းပေါ်ပေါက်ခြင်း ဖြစ်ရမည်။ မသန်စွမ်းဖြစ်သည့် ဝန်ထမ်းသည် ယင်းသို့ မသန်စွမ်းဖြစ်ရခြင်းကို သက်ဆိုင်ရာသို့ ဆောလျင်စွာ အသိပေးအကြောင်းကြားရမည်။
  • ( ခ )    အထူးမသန်စွမ်းခွင့် ခံစားခွင့်ရှိသည့်ကာလသည် ဆေးအဖွဲ့က ထောက်ခံသည့် ကာလအတိုင်းဖြစ်ပြီး ယင်းခွင့်ကာလသည်  ၂၄  လထက်မပိုစေရ။
  • ( ဂ )    အထူးမသန်စွမ်းခွင့်ကို အခြားမည်သည့်ခွင့်မျိုးနှင့်မဆို ဆက်စပ်ခွင့်ပြုနိုင်သည်။
  • (ဃ)    မူလမသန်စွမ်းဖြစ်မှုသည် ဆိုးရွားလာခြင်းကြောင့်ဖြစ်စေ၊ ပြန်လည်ပေါ်ပေါက်ခဲ့ခြင်း ကြောင့်ဖြစ်စေ အထူးမသန်စွမ်းခွင့်ကို ခွင့်ပြုနိုင်သည်။ သို့ရာတွင် မသန်စွမ်းဖြစ်မှု တစ်ခုကို အကြောင်းပြု၍ ခွင့်ပြုသည့် အထူးမသန်စွမ်းခွင့်ကာလသည် စုစုပေါင်း  ၂၄ လ ထက်မပိုစေရ။
  • ( င )    အထူးမသန်စွမ်းခွင့်ကာလကို အငြိမ်းစားအကျိုးခံစားမှုအတွက် လုပ်သက်ရေတွက် ရာတွင် တာဝန်ထမ်းဆောင်သည့်ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။

၁၀၄။ အထူးမသန်စွမ်းခွင့်ကာလအတွင်း ခွင့်လစာကို –

  • (က) ပထမ လေးလအတွက် ပျမ်းမျှလစာနှုန်းပြည့် ခံစားခွင့်ပြုရမည်။
  • ( ခ ) ကျန်ကာလများအတွက် ပျမ်းမျှလစာ၏ နှုန်းခံစားခွင့်ပြုရမည်။ ဝန်ထမ်း၏ ဆန္ဒအရ လုပ်သက်ခွင့်လက်ကျန်ရှိသမျှကာလကို ပျမ်းမျှလစာနှုန်းပြည့်ဖြင့် ဆက်လက် ခံစားလိုလျှင် ခံစားခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုပါက ဝန်ထမ်းဆက်လက် ခံစားသော ပျမ်းမျှလစာပြည့်ကာလ၏ ကို အထူးမသန်စွမ်းခွင့်အဖြစ် ထည့်သွင်း ရေတွက်ရမည်။

၁၀၅။    အထူးမသန်စွမ်းခွင့်ကို အောက်ပါကိစ္စများတွင်လည်း ခံစားခွင့်ပြုနိုင်သည် –

  • (က)    လုပ်ငန်း၏သဘာဝအရ အသက်နှင့်ခန္ဓာကိုယ် အန္တရာယ်ရှိစေသည့်လုပ်ငန်းမျိုးကို ရာထူးတာဝန်အလျောက် ထမ်းဆောင်နေစဉ် မတော်တဆထိခိုက်ဒဏ်ရာရသည့်ကိစ္စ၊
  • ( ခ )    အောက်ပါ အကြောင်းတစ်ရပ်ရပ်ကို   တိုက်ရိုက်အကြောင်းပြု၍    ကူးစက်တတ် သော ရောဂါခံစားရပြီး မသန်စွမ်းမှုဖြစ်ခဲ့ရသည်ဟု ဆေးအဖွဲ့ကထောက်ခံသည့်ကိစ္စ –
    • (၁)   ကူးစက်တတ်သော ရောဂါတစ်ရပ်ရပ်ကို သုတေသနပြုရခြင်း၊
    • (၂)    ကူးစက်တတ်သော ရောဂါတစ်ရပ်ရပ်ကြောင့် သေဆုံးခဲ့သည့်အလောင်း သို့မဟုတ် တိရစ္ဆာန်သေကို ခွဲစိတ်၍ သေဆုံးရခြင်းအကြောင်းရင်းကို ရှာဖွေ သုတေသန ပြုရသည့်လုပ်ငန်းကို လုပ်ဆောင်ရခြင်း၊
    • (၃)   ကူးစက်ရောဂါကာကွယ်မှုနှင့် ကုသမှုအစီအစဉ်များကိုပြုရခြင်း။
  • ( ဂ )    နည်းဥပဒေခွဲ (က)နှင့် နည်းဥပဒေခွဲ (ခ) တို့ပါကိစ္စများတွင် အထူးမသန်စွမ်း ခွင့်ကို ခံစားခွင့်ပြုသည့်အခါဆေးအဖွဲ့က ထောက်ခံသည့်ကာလ၏ တစ်စိတ် တစ်ဒေသကို အထူးမသန်စွမ်းခွင့်အဖြစ်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကို အခြား ခွင့်တစ်မျိုးမျိုး အဖြစ်လည်းကောင်း ဆက်စပ်ခွင့်ပြုနိုင်သည်။
  • (ဃ)    တပ်မတော် သို့မဟုတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က မသန်စွမ်းဖြစ်ပြီး နယ်ဘက်တာဝန်များကို ဆက်လက်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား အထူးမသန်စွမ်းခွင့်ကို စုစုပေါင်း ၂၄ လထက် မပိုစေဘဲခံစားခွင့် ပြုနိုင်သည်။

၁၀၆။    အထူးမသန်စွမ်းခွင့်ကို စာချုပ်စည်းကမ်းဖြင့်ခန့်ထားသည့် ပုဂ္ဂိုလ်များ၊ သင်္ဘောလိုက် ဝန်ထမ်းများ၊ ချီးမြှင့်ငွေဖြင့်ခန့်ထားသည့် ဝန်ထမ်းများ၊ ကျွမ်းကျင်မှုလစာရ ပုဂ္ဂိုလ်များနှင့်  နေ့စား ဝန်ထမ်းများ ခံစားခွင့်မရှိစေရ။

ဆေးရုံခွင့်

၁၀၇။    (က) အောက်ပါဌာနများမှ ကွင်းဆင်းတာဝန်ထမ်းဆောင်ရသည့် ဝန်ထမ်းများသည် ဆေးရုံ ခွင့်ကို ခံစားခွင့်ရှိသည် –

  • (၁)      သစ်တောဦးစီးဌာနမှတောအုပ်ကြီးအဆင့်နှင့် ယင်းအဆင့်အောက်ဝန်ထမ်းများ၊
  • (၂)      ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးအဆင့်နှင့်ယင်းအဆင့် အောက်ဝန်ထမ်းများ၊
  • (၃)      မြေတိုင်းဦးစီးဌာနမှ မြေတိုင်း(၃)အဆင့်နှင့် ယင်းအဆင့်အောက် ဝန်ထမ်းများ။

( ခ ) ယင်းဝန်ထမ်းများအပြင် ဝေးလံခေါင်းဖျားဒေသများသို့ ကွင်းဆင်းလုပ်ကိုင် ဆောင်ရွက် ရသည့် ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများရှိ ဝန်ထမ်းများကို ဆေးရုံခွင့် ခွင့်ပြုလိုပါက ရာထူးဝန်အဖွဲ့နှင့်ညှိနှိုင်း၍  ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ခံစားခွင့်ပြု နိုင်သည်။

၁၀၈။    အောက်ပါစည်းကမ်းချက်များနှင့် ညီညွတ်ပါက ဆေးရုံခွင့်ကိုခွင့်ပြုနိုင်သည် –

  • (က)    မကျန်းမာမှုသည် တာဝန်ဝတ္တရားထမ်းဆောင်မှုကြောင့် ပေါ်ပေါက်လာခြင်း၊
  • ( ခ )    မကျန်းမာမှုသည် တာဝန်ဝတ္တရားများဆောင်ရွက်မှုနှင့်ဆက်နွှယ်နေသည့် အကြောင်း များကြောင့် ပေါ်ပေါက်လာသည်ဟု လက်ခံယုံကြည်ရန်အကြောင်းရှိခြင်း၊
  • ( ဂ )    မကျန်းမာမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဆရာဝန်၏ ထောက်ခံချက်ပါရှိခြင်း။

၁၀၉။ ဆေးရုံခွင့်ကာလအတွက် ခွင့်လစာကိုပျမ်းမျှလစာနှုန်းပြည့် သို့မဟုတ်ပျမ်းမျှလစာ၏ နှုန်း သို့မဟုတ် ခွင့်ကာလ၏တစ်စိတ်တစ်ဒေသကို ပျမ်းမျှလစာနှုန်းပြည့်ဖြင့်လည်းကောင်း၊ တစ်စိတ် တစ်ဒေသကို ပျမ်းမျှလစာ၏၁/၂ နှုန်းဖြင့်လည်းကောင်း ခွင့်ပြုပိုင်ခွင့်ရှိသူက သင့်လျော်သလို သတ်မှတ်ခွင့်ပြုနိုင်သည်။

၁၁၀။ ဆေးရုံခွင့်ကာလများကို ရေတွက်ရာတွင်-

  • (က) ပျမ်းမျှလစာနှုန်းပြည့်ဖြင့်ခွင့်ပြုပါက အမှန်ဆေးရုံတက်ရောက်ခဲ့သည့် ကာလအားလုံးကို ဆေးရုံခွင့်အဖြစ် သတ်မှတ်ရေတွက်ရမည်။
  • ( ခ ) ပျမ်းမျှလစာ၏၁/၂နှုန်းဖြင့် ခွင့်ပြုပါက အမှန်ဆေးရုံတက်ရောက်ခဲ့သည့် ကာလ၏ ထက်ဝက်ကိုသာ ရေတွက်ရမည်။
  • ( ဂ ) ဝန်ထမ်းလုပ်သက်၏ သုံးနှစ်ကာလတစ်ရပ်အတွင်း၌ ယင်းသို့ရေတွက်သည့် ဆေးရုံခွင့် ကာလစုစုပေါင်း သုံးလထက်ပို၍ခွင့်မပြုရ။
my_MMMY