၁၁။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၉၁ တွင်-
- (က) နည်းဥပဒေခွဲ (ဂ) ၏နောက်တွင် နည်းဥပဒေခွဲ (ဃ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
- “(ဃ) ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်မဟုတ်ဘဲ မမျှော်မှန်း နိုင်သည့် အခြေအနေကြောင့် အလုပ်ခွင်မှ ကင်းကွာနေခြင်းဖြစ်ကြောင်း ခိုင်လုံသောအထောက်အထားများဖြင့် စစ်ဆေးတွေ့ရှိရပါက ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ သဘောထားညှိနှိုင်းရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူရမည်။”
- ( ခ ) မူလနည်းဥပဒေခွဲ (ဃ) ကို နည်းဥပဒေခွဲ (င) အဖြစ် ပြောင်းလဲအမှတ်စဉ်ရမည်။