ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၉.၁၂.၂၀၁၆)

၁၁။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၄၁ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၄၁။ ခိုင်လုံသောအထောက်အထားများအရ အပြစ်ရှိကြောင်း ပေါ်လွင်ထင်ရှားနေသည့် ကိစ္စတွင် ဝန်ထမ်းအား ဌာနဆိုင်ရာစုံစမ်းစစ်ဆေးခြင်းမပြုဘဲ ထိုက်သင့်သည့် ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ကို ချမှတ်နိုင်သည်။”

၁၂။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၄၉ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၄၉။ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူးသည် ဌာနဆိုင်ရာစစ်ဆေးမှုနှင့်စပ်လျဉ်း၍ အမိန့်ချမှတ်ပြီး အမိန့်စာထုတ်ပြန်၍ သက်ဆိုင်ရာဝန်ထမ်းထံသို့ ပေးပို့ရမည်။ ထိုအမိန့်ကို မကျေနပ်ပါက အမိန့်စာကို လက်ခံရရှိသည့်နေ့ရက်မှစ၍ ခြောက်လအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးထံ အယူခံလွှာတင်သွင်းနိုင်ကြောင်း အမိန့်စာတွင် ဖော်ပြရမည်။”

၁၃။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၅၀ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၅၀။ ပုဒ်မ ၄ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများတွင် ခန့်ထားခြင်းခံရသော ဝန်ထမ်းများအား ဌာနဆိုင်ရာစစ်ဆေးမှုနှင့်စပ်လျဉ်း၍ ချမှတ်သည့် အမိန့်ကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးက အမိန့်စာထုတ်ပြန်၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်း၊ ဝန်ထမ်းထံသို့ ပေးပို့ရမည်။ ထိုအမိန့်ကိုမကျေနပ်ပါက အမိန့်စာကို လက်ခံရရှိသည့်နေ့ရက်မှစ၍ ခြောက်လ အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူးထံ အယူခံလွှာ တင်သွင်း နိုင်ကြောင်း အမိန့်စာတွင် ဖော်ပြရမည်။”

၁၄။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၅၈ တွင်ပါရှိသော “အငြိမ်းစားယူနိုင်ခွင့်ရှိသည့် လုပ်သက် ပြည့်သောအခါ” ဆိုသည့် စကားရပ်ကို “လုပ်သက်နှစ် ၃၀ ပြည့်သောအခါ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၅။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၆၂ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၆၂။ ဝန်ထမ်းက ပုဒ်မ ၅၈ အရ နှစ်ပြည့်ပင်စင်ခံစားခွင့် တောင်းခံသည့်အခါ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ငြင်းပယ်ခြင်းမပြုရ။”

၁၆။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၆၄ တွင်ပါရှိသော “လျော်ကြေးပင်စင်ခံစားခြင်း၊ ကွယ်လွန်အနိစ္စ ရောက်ခြင်း တစ်ခုခုဖြစ်ပါက လုပ်သက်ဆုငွေနှင့် ပင်စင်ခံစားခွင့်တို့ကို ရခွင့်ရှိသည်” ဆိုသည့် စကားရပ်ကို “လျော်ကြေးပင်စင်ခံစားခြင်း၊ လျှော့ပေါ့ပင်စင်ခံစားခြင်း၊ ကွယ်လွန်အနိစ္စရောက်ခြင်း တစ်ခုခုဖြစ်ပါက လုပ်သက်ဆုငွေနှင့် ပင်စင်ခံစားခွင့်တို့ကိုရခွင့်ရှိသည်” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၇။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၄ တွင်ပါရှိသော “သက်ဆိုင်ရာဝန်ကြီးဌာနက” ဆိုသည့် စကားရပ်ကို“သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းက”ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

my_MMMY