ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ


Search
Generic filters
Filter by Lawbook Names
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ
နိုင်ငံ့ဝန်ထမ်းဥပဒေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ
ဝန်ထမ်းရေးရာကိစ္စရပ်များ

ဤစကားလုံးများဖြင့်ရှာဖွေနိုင်သည်။ ပုဒ်မ(၁)နည်းဥပဒေ(၁)အပိုဒ်(၁)အခန်း(၁)rule(1)article(1)section(1)chapter(1)

နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၉.၁၂.၂၀၁၆)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၂ ။)
၁၃၇၈ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက်
(၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟုခေါ်တွင်စေရမည်။

၂။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂ တွင် –

  • (က) ပုဒ်မခွဲ (ဃ)ကို အောက်ပါအတိုင်း အစားထိုးရမည်-
    “(ဃ)(၁) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး ဆိုသည်မှာ လွှတ်တော် အသီးသီးက ရွေးချယ်တာဝန်ပေးအပ်သော လွှတ်တော်အဖွဲ့အစည်းများ၏ အကြီးအမှူးများနှင့် နိုင်ငံတော်သမ္မတကခန့်အပ်သည့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ အကြီးအမှူးများကိုဆိုသည်။

    (၂) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ဆိုသည်မှာ နိုင်ငံတော်သမ္မတက ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုတွင် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးအဖြစ် တာဝန်ပေးခန့်အပ်ခြင်းခံရသူကိုဆိုသည်။”

  • ( ခ ) ပုဒ်မခွဲ (င)ကို အောက်ပါအတိုင်းအစားထိုးရမည် –
    “(င) ဝန်ထမ်း ဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါရာထူး တစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကိုဆိုသည်။ တပ်မတော်သား များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သော်လည်း ယင်းတို့၏လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဤဥပဒေပါကိစ္စရပ်များနှင့် အကျုံးဝင်ခြင်းမရှိစေရ။”
  • ( ဂ ) ပုဒ်မခွဲ (စ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
    “(စ) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီး ဌာနအသီးသီး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာန အသီးသီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများကိုဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေပါကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ လွှတ်တော်ရုံးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး၊ နေပြည်တော်ကောင်စီရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးနှင့် ဥပဒေအရဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ ရုံးများလည်းပါဝင်သည်။”

၃။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၊ ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(က) သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးသည် ဝန်ထမ်းအဖွဲ့အစည်း အသီးသီးရှိ ဝန်ထမ်းအမျိုးအစားအလိုက် သတ်မှတ်သည့် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးအတွက် ရာထူးဝန်အဖွဲ့ကရွေးချယ်ပေးသော ဝန်ထမ်းများကို ခန့်ထားရမည်။”

၄။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ) တွင်ပါရှိသော “ ပြည်ထောင်စုအစိုးရအဖွဲ့” ဆိုသည့် စကားရပ်ကို “ပြည်ထောင်စုအစိုးရအဖွဲ့ရုံး” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၅။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဌ) ကို အောက်ပါအတိုင်း အစားထိုးရမည် –
“( ဌ ) ပြည်သူကို ရိုသေလေးစားစွာ ဝန်ဆောင်မှုပေးခြင်း။”

၆။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၅ တွင်ပါရှိသော “ဝန်ကြီးဌာနက လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသူ၏ ခွင့်ပြုချက်ဖြင့် ခွင့်ခံစားနိုင်သည်” ဆိုသည့်စကားရပ်ကို “ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းက လုပ်ပိုင်ခွင့် အပ်နှင်းခြင်းခံရသူ၏ ခွင့်ပြုချက်ဖြင့် ခွင့်ခံစားနိုင်သည်” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၇။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၇ ကို အောက်ပါအတိုင်း အစားထိုးရမည် –
“၁၇။ ဝန်ထမ်းသည် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ခွင့်ကို တောင်းခံ ပိုင်ခွင့်ရှိသည်။”

၈။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၂ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၂၂။ ဝန်ထမ်းသည် အငြိမ်းစားယူရမည့် အသက်ပြည့်သည့်နေ့ရက်မတိုင်မီ အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့်ကို ပျမ်းမျှလစာဖြင့်ခံစားနိုင်သည်။ အငြိမ်းစားယူရန်ကြိုတင်ပြင်ဆင်ခွင့်ကို အချိန်မီတောင်းခံခဲ့ရာတွင် ခွင့်ပေးပိုင်ခွင့်ရှိသူက တောင်းခံသည့် ခွင့်ကာလတစ်ခုလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ အများပြည်သူအကျိုးငှာ ငြင်းပယ်ခဲ့လျှင် ထိုငြင်းပယ်သည့် ခွင့်ကာလကို အငြိမ်းစားယူရမည့်နေ့ရက်မှစ၍ စတင်ခံစားခွင့်ရှိသည်။”

၉။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၂၄ ၏နောက်တွင် ပုဒ်မ ၂၄-က ကို အောက်ပါအတိုင်း ဖြည့်စွက် ရမည်-
“၂၄-က။ ဝန်ထမ်းသည် အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားမှုအပေါ်မူတည်၍ သက်ဆိုင်ရာအရည်အချင်းစစ်ဆေးရေးအဖွဲ့၏ ထောက်ခံမှုအရ ချီးမြှင့်မြှောက်စားသည့် အနေဖြင့် ရာထူးတိုးမြှင့်ခြင်းကို ခံစားပိုင်ခွင့်ရှိသည်။”

၁၀။ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၃၉၊ ပုဒ်မ ၄၀၊ ပုဒ်မ ၄၃ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၄၆ တို့တွင် ပါရှိသော “ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး” ဆိုသည့်စကားရပ်ကို “ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း အကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ ပုဒ်မ ၄၈ ပုဒ်မခွဲ (ဃ) တွင်ပါရှိသော “ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး” ဆိုသည့်စကားရပ်ကို “သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။

my_MMMY