Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
အခန်း(၆)
ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့်ယုံကြည်ထိုက်ခြင်း
၁၁။ နိုင်ငံ့ဝန်ထမ်းများသည် –
- (က) ပြည်သူကိုဝန်ဆောင်မှုပေးရာတွင် ရိုးသားဖြောင့်မတ်မှုရှိရမည်။
- ( ခ ) ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်သိက္ခာကို အကောင်းဆုံးစောင့်ထိန်းရမည်။
- ( ဂ ) တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းနှင့် မလျော်ဩဇာ သုံးခြင်းတို့မှ ရှောင်ကြဉ်ရမည်။
- (ဃ) နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အလွဲ သုံးစားမှုမပြုရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ရမည်။
- ( င ) အစိုးရနှင့်ပြည်သူများအကြား ကောင်းမွန်သောယုံကြည်မှုကို တည်ဆောက်ထိန်းသိမ်း နိုင်ရေး ဦးတည်ကြိုးပမ်းရမည်။
- ( စ ) ရာထူး၊ ဌာန၊ လုပ်ငန်းတာဝန်များနှင့်ဆက်စပ်၍ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်များ ရောထွေးမှုမရှိစေရေး စောင့်ထိန်းရမည်။
- (ဆ) လုပ်ငန်းခွင်အတွင်း အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ရမည်။
- ( ဇ ) လုံခြုံမှုအဆင့်အတန်း သတ်မှတ်ထားသည့် သတင်းအချက်အလက်များ ပေါက်ကြားမှု မရှိစေရေး အထူးသတိပြု ထိန်းသိမ်းရမည်။
- ( ဈ ) ရိုးသားဖြောင့်မတ်ပြီး နိုင်ငံတော်၊ မိမိဌာနအဖွဲ့အစည်းနှင့် ပြည်သူတို့အပေါ် သစ္စာရှိရ မည်။
- (ည) ဌာနအဖွဲ့အစည်းက ယုံကြည်စိတ်ချစွာတာဝန်ပေးအပ်နိုင်သူဖြစ်ရမည်။
- ( ဋ ) ဝန်ထမ်းအချင်းချင်း၏ ယုံကြည်လေးစား အားကိုးထိုက်သူဖြစ်ရမည်။
- ( ဌ ) မိမိဌာနအဖွဲ့အစည်းနှင့် ဝန်ထမ်းအချင်းချင်းအပေါ် အထင်အမြင်လွဲမှားစေမည့် အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုတို့ကို ရှောင်ကြဉ်ရမည်။
- ( ဍ ) ဌာနအဖွဲ့အစည်းဆိုင်ရာ သတင်းအချက်အလက်များကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းမှ ရှောင်ကြဉ်ရမည်။
- ( ဎ ) မိမိ၏အခွင့်အာဏာနှင့်ဆက်နွှယ်၍ မည်သည့်စီးပွားရေး လုပ်ငန်းများတွင်မျှ ကိုယ်ကျိုး စီးပွားပါဝင်ပတ်သက်ခြင်းမပြုရ။