Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
အခန်း(၂)
နိုင်ငံ့ဝန်ထမ်းများထားရှိရမည့်စံတန်ဖိုးသတ်မှတ်ချက်များ
၇။ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့် အခြားသောအဖွဲ့အစည်းဆိုင်ရာကျင့်ဝတ်များသည် နိုင်ငံ့ ဝန်ထမ်းကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောအစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။ အဖွဲ့အစည်းအလိုက်ချမှတ်ထားသည့်မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် လုပ်ဆောင်ချက်များ၊ ဆုံးဖြတ်ချက်များချမှတ်ဆောင်ရွက်ရာ တွင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စံတန်ဖိုးများသည်ဝန်ထမ်းများကို များစွာအထောက်အကူပြုပါသဖြင့် အောက်ပါ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စံတန်ဖိုးသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရပါမည်-
- (က) ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများဖြစ်ရန် ကတိကဝတ်ပြုခြင်း၊
- ( ခ ) လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိကျ မှန်ကန် မြန်ဆန် ထိရောက်စွာ ဆောင်ရွက်ခြင်း၊
- ( ဂ ) ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်း၊
- (ဃ) ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့်ယုံကြည်ထိုက်ခြင်း၊
- ( င ) ထူးချွန်ပြောင်မြောက်မှုနှင့် အတတ်ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိခြင်း၊
- ( စ ) အားလုံးပါဝင်၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိခြင်း၊
- (ဆ) ဘက်လိုက်မှုကင်းခြင်း၊ အဂတိကင်းရှင်းခြင်း၊ တရားမျှတစွာဆောင်ရွက်မှုရှိခြင်း၊
- ( ဇ ) ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း။