အခန်း(၁၀)
ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း
၁၅။ နိုင်ငံ့ဝန်ထမ်းများသည်-
- (က) နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် သက်ဆိုင်ရာတည်ဆဲဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ပွင့်လင်းမြင်သာမှုဖြင့် မှန်ကန်စွာ ဆောင်ရွက်ရမည်။
- ( ခ ) လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရာတွင် မိမိ၏လုပ်ဆောင်ချက်များနှင့် ဆုံးဖြတ် ချက်များအတွက် တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိရမည်။
- ( ဂ ) ပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စိစစ်၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်။
- (ဃ) တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ကျေမှုတို့ဖြင့် ဆောင်ရွက် ရမည်။