Warning: Undefined variable $format in /var/www/html/wp-content/themes/inspiry-knowledgebase/template-parts/article-for-listing.php on line 34
အခန်း(၅)
ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်း
၁၀။ နိုင်ငံ့ဝန်ထမ်းများသည်-
- (က) နိုင်ငံတော်နှင့် အဖွဲ့အစည်း၏ တိုးတက်ရေးကိုရှေးရှု၍ အရည်အချင်းပြည့်ဝနေစေရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှတ်သားနိုင်စွမ်းရှိရမည်။
- ( ခ ) မိမိတို့၏ လုပ်ငန်းခွင်အတွေ့အကြုံများနှင့် အတတ်ပညာပိုင်းဆိုင်ရာဗဟုသုတများကို ပြန်လည်မျှဝေ ပေးနိုင်စွမ်းရှိရမည်။
- ( ဂ ) မိမိအဖွဲ့အစည်းအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိရမည့်အပြင် ခေတ်နှင့် လျော်ညီသည့် အတတ်ပညာနှင့် ဆန်းသစ်တီထွင်နိုင်သည့် အတွေးအခေါ်ရှိရမည်။
- (ဃ) လုပ်ငန်းခွင်အခက်အခဲများကို သမားရိုးကျမဟုတ်ဘဲ ထိရောက်လျင်မြန်သော နည်းလမ်းကောင်းများဖြင့် အောင်မြင်စွာ ကြံဆဖြေရှင်းနိုင်စွမ်းရှိရမည်။
- ( င ) နက်ရှိုင်းကျယ်ပြန့်စွာ ထိုးထွင်းသိမြင်ပြီး စဉ်းစားတွေးခေါ် ဆောင်ရွက်နိုင်စွမ်း ရှိရမည်။
- ( စ ) ဖြတ်ထိုးဉာဏ်ကောင်း၍ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိရမည်။